1. တရား,တရား-၁

30. August 2009

တရား,တရား-၁


တရား လို့ ပြောလိုက်ရင-် ၁။ကြောက်တဲ့သူလည်းရှိတယ်။ ၂၊အားတက်သရော တရား အားထုတ်သူတွေလည်းရှိတယ်။
တရားကြောက်သူက တရားကို တကယ်ကြောက်တာလား၊ မလုပ်ချင်တာလား-ဆိုရင် တရားမလုပ်ချင်သေးတာပဲ ဖြစ်ပါလိမ့်မယ်။ တရားကတော့ ကြောက်စရာ မဟုတ်ဘူးလေ။ တရားကြောက်တယ်လို့ သတ်မှတ်ခံရသူတွေလည်း တရား ငါတကယ်ကြောက်တာလားလို့ သူတို့ ကိုယ်ကို ပြန်မေးရင် ရိုးရိုးသားသား ပြောသူကတော့ ကြောက်တာ မဟုတ်ပါ။ မလုပ်ချင်သေးတာပါ။ ငယ်သေးလို့  ဆိုတာ အကြောင်းပြမယ်။ တရားဆိုတာ ကြီးတဲ့သူတွေလုပ်ရတာ လို့ သူတို့  အမြင်ကို ပြောပြကြပါလိမ့်မယ်။ တရားကို လုပ်မယ်ဆိုရင် ကောင်းမှန်း လူအသိစိတ်ရှိသူတိုင်း သိပါတယ်။ လူဆိုတာကို က အသိဥာဏ် အဟိတ်တိရစ္ဆာန်တွေထက် သာတဲ့သူ လို့  သတ်မှတ်ခံပြီးသားကိုး။ လူကြီးတွေ တရားအားထုတ်တာကြည့်ပြီးလည်း သူတို့ တစ်တွေ နားလည်မှာပါတရားရှိတဲ့ လူကြီးတွေ မျက်နှာပေါ်မှာ အေးချမ်းမှု အရိပ်ရောင်တွေက တရား အားမထုတ်သေးတဲ့ ကလေးတွေ မှာ ထင်ဟပ်မှာ မလွဲပါ။ တရား မလုပ်ချင်သေးဘူးဆိုတာလည်း ငယ်ရွယ်ချိန်ဆိုတာ မေ့လို့ ကောင်းတယ်။ ပျော်ဖို့ ကောင်းတယ်လေ။ လူငယ်သဘာဝ ပျော်ချင်ပါးချင်ကြမှာပေါ့။ ဒါပေမယ့် ခုခေတ်တရားကြောက်သူတွေ လည်း ခု တော့ သဘောပေါက်နေကြပါပြီ။ သူတို့ ရဲ့ ပျော်ရွှင်မှု ဘယ်လောက်ထိ ရှိတယ်ဆိုတာကို။မစဉ်းစားရသေးသူေ

တွတော့ သဘောပေါက်အောင်စဉ်းစားကြပေါ့။
အားတက်သရော ရှိတဲ့သူတွေကတော့ -တရား ဆိုတာ နဲ့  စာအုပ်လား၊ တရားပွဲလား၊ တရားစခန်းလား၊စီဒီခွေလား၊ တိပ်ခွေလား- နဲ့ အားတက်သရော မေးသူ၊တရားအားထုတ်သူတွေ၊တရားနား
ထောင်သူတွေလည်း ရှိပြန်တယ်။ ဒါ့အပြင်ယခုခေတ်ဆိုရင် အင်တာနက်ကနေပြီး တရားတွေ လည်း နာနေကြတယ်။ဖတ်နေကြတယ်။ တရားကို စိတ်ဝင်စားသူတွေ အဖို့  တရား အကြောင်းကို ဘာလုပ်သင့်တယ်။တရားအားထုတ်ကြပါ။မေ့မနေကြပါနဲ့ -
စတာတွေ ပြောဖို့ ကို မလို တော့ပါဘူး။သူတို့  စိတ်ကိုက တရားတော်ထဲမှာ နစ်မြုပ်သွားပြီး တရား အရသာကို တွေ့ ထားတာဆိုတော့။
ခု ရေးချင်တာကတော့ ကိုယ်တွေ့ ကြုံခံစားခဲ့ရတဲ့ အဖြစ်ပျက်လေးတွေကို ပထမ ကြောက်တယ်လို့ လူတွေ သတ်မှတ်ခံရတဲ့ မလုပ်ချင်သေးတဲ့  သူတွေ
ကို ရေးမှာပါ။ ကိုယ်တွေ့  ဆိုတာနဲ့  တရားထူးကို မရည်ရွယ်ပါ။ စိတ်ထဲ ဖြစ်ပျက်ခဲ့တဲ့ အတွေ့ ကြုံလေးတွေ ခံစားချက်တွေကို သိစေချင်လို့ ပါဘဲ။ အကြောင်းက ဒီလို ဖန်ခဲ့ ပါတယ်။
တရား အလုပ် လုပ်မယ်လို့ ကြံတိုင်း စိတ်နောက် ကိုယ်မရောက်ခဲ့ပါဘူး။ စိတ်သွားတိုင်း ကိုယ်ပါရင်တော့ တရားလုပ်ဖြစ်ခဲ့မှာသေချာတယ်။ ကြာပါပြီလေ -လုပ်ရမယ်ဆိုတာ သိတယ်။ လုပ်သင့် လုပ်ထိုက်တယ်ဆိုတာသိတယ်။ သို့ ပေမယ့် ကိုယ်ရဲ့  စိတ်က အဓိပတိမတပ်ဖူးလေ။ စိတ်အားမထက်သန်ဘူးဆိုလိုတာပါ။ ဘ၀တစ်လျှောက်လုံး စာပေနယ်ပယ်မှာ ကျင်လည်ခဲ့တယ်။စာသင်ယူခြင်း၊ စာပေပို့ ချခြင်း။ တွေကိုပဲ ဦးစား
ပေးလုပ်ကိုင်ခဲ့တယ်။ တရားနဲ့ ပတ်သက်လို့ ကိုယ်လို သူများလည်း ဒီလိုဘဲ ခံစားမိကြမှာပါပဲ။ သိတယ်၊တရားလုပ်ရမယ်ဆိုတာ- လို့ ဘဲ ပြောကြလိမ့်မယ် ထင်ပါတယ်။လူတွေကတော့ လူတွေအလိုက်အကြောင်းပြကြပါလိမ့်မယ်။ သူ့ အရွယ်၊ သူ့ အလုပ်နဲ့ သူ အကြောင်းပြကြမှာမလွဲပါ။
ဒီလိုနဲ့  စာသင်ရင်း စာချ လာလိုက်တာ မြန်မာနိုင်ငံမှသည် သီရိလင်္ကာတိုင်သည် အထိ ၂၄ နှစ်လောက်တောင် ကြာသွားခဲ့ပြီဘဲ။ အဲဒီ သီရိလင်္ကာ
မှာဘဲ စာကျက်ရင်း စာကျက်ရင်းနဲ့ ခုချိန်ထိ စာတွေချည်းလုပ်နေရပါ့လား၊ တရားငါ ဘယ်အချိန်လုပ်ရမလဲ ကိုယ့်ကိုယ် မေးကြည့်တယ်။ ကိုယ့်အသက်ကို
ပြန်ကြည့်တော့လည်း ဘုန်းကြီး ဘုန်းကြီးနဲ့ အခေါ်ခံနေရတဲ့ အရွယ်။ အဲဒါကိုက လုပ်ချိန်တန်ပြီ ထင်မိရဲ့ ။ ရှိစေတော့၊ စိတ်ကူး ရှိမှ အကောင်ထည် ဆိုတာ
လည်း ပေါ်မယ်လေ။ စိတ်ကူးတော့ ရှိနေပါတယ်။ သို့ ပေမယ့်- အချိန်နဲ့  အခါ မရောက်လာသေးရင် လည်း ဘာမှမတတ်နိုင်ပြန်ဘူး။
အဲ- ခု အချိန်တန်ပြီ လို့  ပြောရလေမလား။ ဒေါက်တာ အရှင်ဇနိတ- ကလည်း သီရိလင်္ကာရောက်လာ။သူ. ပညာကလည်း လူဘုံ အလယ်၊သံဃာအလယ်တင့်တယ်စွာနေနိင်ြ
ပီ ပြောရမလား၊ ပညာ အနေနဲ့ သင်စရာ မဆုံးဘူးပေါ့။ သူ့ အကြောင်းပြောချင်တာကတော့ သူရဲ့  တရား ၀ါသနာက ငယ်စဉ်ကလေးဘ၀ ကိုရင်မွှားဘ၀က ပင် အထုံရှိသူ။ သူ့ အကြောင်းလည်း ကိုယ်ကသိ။ သူနဲ့ အတူနေ။စာတက်စာပြန် နေခဲ့ဘူးတယ်။သူ့ ကိုလည်း နဂိုရ်ကတည်းက ယုံကြည်ခဲ့တယ်။ ခုလည်း သူငယ်ချင်း ဖြစ်နေတာက တစ်ကြောင်း၊ သူ့ ရဲ့ တရားစကားတွေက ခဏခဏကြားနေရတယ်။ တရား အားထုတ်ခြင်းရဲ့ အရသာကို သူ ပြောပြနေတာ ရုပ်ရှင် ဗီဒီယို တွေ ကြည့်ပြီး ပြန်ပြောချင်နေတဲ့သူလိုမျိုး တရား ၀ါသနာပါလောက်မယ့်သူတိုင်းကို ပြန်ပြောနေတယ်။အပြောမဟုတ်ဘူး၊အလုပ်နဲ့ သက်သေပြမှ ယုံကြည်စရာ ပိုကောင်းတာပါ။ သူကိုယ်တိုင် လူသူမြင်ရာလည်း တရားထိုင်တယ်။ ကိုယ့်နေရာကိုလည်း တရားထိုင်တာတွေ့ ရတယ်။ သူ့ ကို သူငယ်ချင်းမိုလို့  ခြီးမွမ်းခြင်းလည်း မဟုတ်၊ ဆရာတစ်ဖြစ်လဲ တော်လို့ ခြီးမွမ်းနေခြင်းလည်း မဟုတ်ပါ။ တရားနဲ့ တွေ့ သွားတဲ့သူဟာ တရား အလုပ်ကို မလုပ်ဘဲ မနေနိုင်ဘူး လို့ ဆိုလိုခြင်တာပါ။
ဒီလိုနဲ့ သူက တစ်နေ့ တော့ ဥူး……ကြီး…တရားထိုင်သွား
မလို့  လိုက်မလား တဲ့၊ ရိုးရိုးသားသား ပြောလိုက်တယ်။ မှန်ပ။လိုက်တော့ လိုက်ချင်တယ်။
ခုလောလောဆယ် ဗီဇာ သက်တမ်း မတိုးရသေးလို့ ။(တကယ်လည်း မတိုးရသေး)။ဒါက ပထမ တစ်ခေါက် ပြောခြင်းပါ။
နောက်တစ်ကြိမ် သူက ခေါ်ပြန်ရော၊ အဲဒီအချိန်မှာ တော့ – ဗီဇာ သက်တမ်းတိုးပြီးသွားပြီ၊ မှန်ပ ၊တပည့်တော် တရားထိုင်ချင်နေတာ ဘုရား၊ စာတွေ
ချည်းလုပ်နေရလို့ ။ဥဏှောက်တွေလည်း ပူတယ်ဘုရား။စိတ်အေးလက်အေး ထိုင်လို့ ရပါပြီ။ ဘယ်လောက်ကြာမှာလဲ ဘုရား။ (အင်းလုပ်ပြီ….ထိုင်ချင်တာ
တော့မှန်တယ်။ အချိန်ကြာမှာက ကြောက်သေး။ အကြောင်းကတော့…ဥရောပ ခရီးစဉ်ရှိလို့  အကြောင်းပြခဲ့တာပဲ။ကိုယ့်ကိုယ်
ကို သူမမေးခင် ကြိုတင်ကာကွက်လုပ်ထားတာ။)ဒါနဲ့  သူက ပြောတယ် ၂- လတဲ့၊ အော်…ဥူးဇင်း ၁လခွဲ ဆို မရဘူး လား ဘုရား၊ ဖြစ်နိုင်ရင် ၁-လခွဲ လောက်လုပ်ပေါ့။
တရားကို ဈေးဆစ်လိုက်သေးတယ်။(၀ါသနာက တယ်ကြီးကိုး။) ရပါတယ်..ဥူး….ကြီး။ ဖြစ်အောင်လုပ်ပေးမယ်လေ-တဲ့။ မှန်ပ ကောင်းပါတယ် ဘုရား။
တပည့်တော် ကြိုးစားပါ့မယ်။ ကောင်းတယ်။သွားကြတာပေါ့။မှတ်မှ
တ်ရရ နေ့ စွဲကို ပြောရရင် ပြာသိုလ်လဆန်း(၁၃)ရက်၊(2009 January 8) နေ.့ သွားမယ်။မှန်ပဘုရား။ တရားအားထုတ်နေရမှာရှိတဲ့ ဆရာတော်နဲ့ ဒကာကိုလည်း ပြောထားလိုက်မယ်။ ကဲ – လုပ်ပါဘုရား ။အပါသာ ခေါ်သွားပါတော့ ဘုရား…..
ဆက်လက်ရေးသားဖေါ်ပြပါမည်…..
အရှင်တေဇောဘာသ(မြင်းခြံ)
ဗောဓိဝိဟာရ ဗုဒ္ဒဘာသာ ကျောင်း
ဂျာမနီ နိုင်ငံ
Kommentare sind geschlossen