4. တရားတရား-၎
တရားတရား-၎
အလုပ်များရှိနေတာနဲ့  တရားတရား-ဆောင်းပါးမဆက်ဖြစ်တာ။ ခုလည်း အချိန် လုပြီးရေးရတာ။
ကိုယ်သိသလောက်သိပါစေ ဆိုတဲ့စေတနာနဲ့ပါ။ အရင်တစ်ပတ်က ဗုဒ္ဓါနုဿတိပြီးသွားပြီ။ခု မေတ္တာ အကြောင်း ဆက်ပါ့မယ်။ မေတ္တာအကြောင်းလည်း ဦးစားပေးအနေနဲ့  ကိုယ့်မှတ်ခဲ့တဲ့အတိုင်း ရေးမယ်။ ပြီးတော့ သိသင့်သိထိုက်တာတွေကိုလည်း ရေးပေးပါ့မယ်။
မေတ္တာဘာဝနာ ပွါးများပုံ -
အားလုံးသော သတ္တ၀ါတွေ ၀င်လေတစ်ချက်၊ ချမ်းသာကြပါစေ ထွက်လေတစ်ချက်၊ ဒီပုံစံနဲ့ မေတ္တာဘာဝနာ ပွါးများနိုင်ပါတယ်။ ထွက်လေ၀င်လေကပ်ပြီး မှတ်တာကပို သမာဓိ ပိုရလွယ်ပါတယ်။ ဒါက အင်တာနေရှင်နယ်လ် ကန္နီဖောင်းဒေးရှင်းမှာ ဒီလိုဘဲ ပြောပါတယ်။ ဟုတ်ပါတယ်။ အဲဒီနည်းနဲ့ အားထုတ်ကြည့်တယ်၊ အဆင်ပြေပါတယ်။ စိတ်ကြည်လင်တယ်၊ ငြိမ်းချမ်းမှုရှိတယ်။ ကိုယ်တိုင်လုပ်ကြည့်မှ သိနိုင်တဲ့တရားဆိုတော့ ပြောမယုံ၊ ကြုံဖူးမှသိပါလိမ့်မယ်။ ဒီနည်းနဲ့  မေတ္တာကို ပွါးများရမှာလား မေးစရာ ရှိပါတယ်။ အဲလိုလည်းမဟုတ်ပါဘူး။ မေတ္တသုတ်လာ ပွါးများနည်း၊ ရိုးရိုးရှင်းရှင်း အရှေ့ အရပ်၌ ရှိသော သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေ၊ စသဖြင့် အရပ်၁၀မျက်နှာ စုံအောင်ပို့ ပေါ့။
ပြီးတော့ မေတ္တာ ပို့ တဲ့ အခါမှာ ပို့ ရမည့် အစဉ်ရှိတယ်။ ဒါက ကျမ်းဂန်လာအတိုင်းပြောတာပါ-
၁။အတ္တ=မိမိကိုယ်ကို စပြီးမေတ္တာ ပို့ ရပါမယ်။
၂။ပိယ=ချစ်ခင်လေးစားအားထားရတဲ့ မိဘဆရာသမား၊ ကျေးဇူးကြီးမားသူ စတာတွေပေါ့။
၃။မဇ္ဈတ္တ=ချစ်ခင်သူလည်းမဟုတ်၊ မုန်းတဲ့သူမဟုတ်တဲ့ သာမန်ပုဂ္ဂိုလ်တွေကို ပို့ ရမယ်။ ၄။ဝေရီ=ကိုယ့်ကိုမုန်းသူ၊ ကိုယ်ကမုန်းသူ ဖြစ်ဖြစ် ရန်သူတွေကိုပါ ပို့ ရမယ်။
(၁)ဒါကို ဆန်းစစ်ကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်မေတ္တာပို့ သူက ရှားပါလိမ့်မယ် လို့  ယူဆမိပါတယ်။ တစ်ချို့ က ကိုယ့်ကို ပို့ ရကောင်းကို မသိနိုင် ဟုတ်တယ်။ ကိုယ့်ကို လူတိုင်း ချစ်ပါတယ်။ ပြောစရာ မလိုလောက်အောင်ပါပဲ။ ခုမှမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချစ်ကြောင်း ဘုရားရှင်လက်ထက်က ကောသလမင်းနဲ့  မလ္လိကာ မိဖုရားတို့  အပြန်အလှန် မေးကြ ပြောကြတာ ။ အဖြေက ကိုယ့်ကိုယ် အချစ်ဆုံးဆိုတာပါပဲ။ ကောသလမင်းကြီးက မြတ်စွာဘုရားကို ဒီအကြောင်း လျှောက်ထားတော့လည်း ဘုရားရှင်က ဟုတ်တဲ့အကြောင်း ပြောပြတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် သူများကိုလည်း ထိခိုက်တာမျိုး မလုပ်သင့်ဆိုတာ ထည့်ဟောလိုက်ပါတယ်။ (မလ္လိကာသုတ်)။
ဒါပေမယ့်လူတွေက ကိုယ့်ကို ချစ်တာဘဲ ရှိတာ၊ မေတ္တာပို့ ဖို့ မေ့တာပဲ။ ကိုယ့်ကိုမေတ္တာပို့ ကြည့်ပါ။ ကိုယ့်ကို မေတ္တာပို့ လို့ အရသာသိသွားရင်၊ ကိုယ့်မှာ အဲဒီချမ်းသာရှိသွားရင် သူများကိုလည်းဒီအရသာမျိုး၊ ဒီချမ်းသာမျိုး ပေးဖို့  ၀န်လေးမှာမဟုတ်ပါဘူး။ ကိုယ့်ရှိမှလည်း ပေးနိုင်မှာ မဟုတ်ပါ့လား။ ပြီးတော့ လည်း ကိုယ်နဲ့ ကိုယ်ချင်းစာ တရားထားတတ်မယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို မေတ္တာပို့ သင့်ပါတယ်။ စမ်းကြည့်ပါ။
(၂) လေးစားအားကိုအားထားရတဲ့ မိဘဆရာနဲ့ ကျေးဇူးကြီးမားသူတွေအားလုံး ပို့ သင့်ပါ
တယ်။ ဒါကိုတော့ ပို့ လေ့ပို့ ထရှိပါတယ်။ တော်တော်များများက မမေ့လောက်ပါဘူး ထင်မိရဲ့ ။ (၃)သာမန်ပုဂ္ဂိုလ်တွေပေါ့။ သာမန်သိသူဖြစ်ဖြစ်၊ ခင်သူဖြစ်ဖြစ်ပေါ့။ ဘာပဲဖြစ်ဖြစ် အကျိုးမယုတ် ပါဘူး။ ကိုယ်ကမေတ္တာပို့ ထားရင် ကိုယ်က သူတို့ နဲ့ ပေါင်းသင်းရတာ အဆင်ပြေမယ်။ သာမန် သူတွေ ပို့ မှ နေ့ စဉ်တွေ့ နေကြ၊မြင်နေကြ၊အလုပ်ကိုင် အတူလုပ်ကြနဲ့ မေတ္တာမပါရင် ဆက်ဆံရတာ အဆင်မပြေနိုင်ဘူး။ မေတ္တာ-က ပေါင်းသင်း လုပ်ရာ ပေါင်းကူး တံတားဆိုရင် မမှားပါဘူး။ တစ်ဦးနဲ့ တစ်ဦး မေတ္တာ မရှိရင် ခြောက်သွေ့ တယ်။ များသောအားဖြင့် ထင်ပါလိမ့်မယ်။မေတ္တာပို့ ဆိုတာနဲ့ ပါးစပ်က ပို့ တာ။ ဆိုရုံလေးကတော့ မထူးပါဘူး။ စိတ်ကလည်း တကယ့်မေတ္တာစစ်၊ မေတ္တာမှန်ရှိရမယ်။ မေတ္တာ ဆိုတဲ့ သဘောမှာ
အကျိုးလိုးလားမှုတွေပါတယ်။ စိတ်နဲ့ တင် မေတ္တာ ထားရမှာ မဟုတ်ဘူး။ စကားပြောရာလည်း ချိုချိုသာသာ သူများအကျိုးရှိအောင် နားဝင်အောင် ပြောတာမျိုးက အစပေါ့။ ပြီးတော့ တစ်ဦးနဲ့ တစ်ဦး ကူညီညာလုပ်တာလည်း မေတ္တာပဲ။ ကဲဒီလိုဆိုတော့ မေတ္တာဟာ စိတ်နဲ့ တင် မဟုတ်ဘဲ ကိုယ်ရော ၊ နှုတ်ပါ မေတ္တာထားရမယ်-လို့  သိထားပါ။ ဒါက သာမန် လုပ်နိုင်အောင် လုပ်ရမယ့်
မေတ္တာပါ။ အစပိုင်းက ပြောခဲ့တဲ့ အာနပါန နဲ့ တွဲထားတာကတော့ တရားကို အားတက်သရော ပေါက်ပေါက်မြောက်မြောက် လုပ်တော့မယ့် ယောဂီတို့ လမ်းစဉ်ကို ပြောထားတာပါ။
(၄)ရန်သူမုန်းတီးသူတွေကိုတောင် မေတ္တာပို့ ရမယ်-တဲ့။ တကယ်တမ်း အများစု ကတော့ ရန်သူ၊ မုန်းတီးသူတော့ လုံးဝမဖြစ်နိုင်ဘူး-လို့  ထင်ကောင်းထင်လိမ့်မယ်။ ဒါမှ မဟုတ် အဲလို
မေတ္တာပို့ မယ်ဆိုရင် ကိုယ့်စိတ်တွေက နဂိုရ်ငါ့အပေါ် ဘယ်လောက်၊ဘယ်လိုမျိုး…စသဖြင့် မုန်းတီးစိတ်တွေ၊ ရန်ညိုးစိတ်တွေဘဲ တစ်လုံးတစ်ထွေး ပေါ်လာမှာများတယ်။ မေတ္တာပို့ တာကတော့ စိတ်ချမ်းသာအောင် လုပ်တဲ့ အလုပ်တစ်ခုဘဲ။ အဲလိုဖြစ်ရင် မလုပ်နဲ့ ပေါ့။ မေတ္တာအစား ဒေါသများပေါ်လာရင်။ မထူးဘူး။ စိတ်ရှုပ်မယ်။ ဒီလိုပြောတာက အကုသိုလ်မ၀င်အောင်ပြောတာနော်။ ဒါဆို ၄-အချက်က အလကား ဖြစ်သွားလိမ့်မယ်။ စဉ်းစားကြည့်ပါ။ တစ်ချို့ ရန်သူ၊ မုန်းတီးသူက မတရားလုပ်ကြံတာတွေ ကြားဘူးလိမ့်မယ်။ ကိုယ့်ကပထမ တစ်ချီနိုင်ပေမယ့် နောက်တစ်ချီ သူအလှည့် မေ့သွားတတ်တယ်။ မေတ္တာပို့ ထားမယ်ဆိုရင် ဒီလို အညိုးတေးတွေလည်း ပြေနိုင်တယ်။ ကိုယ့်လုပ်ကြံဖို့ လည်း မဖြစ်နိုင်ဘူး။
စောစောက ပြောခဲ့သလို တကယ်သူရဲ့ အကျိုးလိုလားကြည့်ပါ။ ခေါ်ခေါ်ပြောပြော လုပ်နိုင်ရင် ခေါ်ပြောလိုက်။ အကျိုးသင့်အကြောင်းသင့် ပြောပြကျေအေးရင် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ရန်သူလည်း မေတ္တာပို့ သင့်ပါတယ်။
ဘုရားရှင်ကတော့ သူ့ ကို လုပ်ကြံမယ့် ဒေ၀ဒတ်ရဟန်းကိုဖြစ်ဖြစ်၊ ဓားနဲ့ လိုက်တဲ့ အင်္ဂုလိမာလကိုဘဲ ဖြစ်ဖြစ်၊ အရက်မူးမူးနဲ့ နင်းသတ်ဖို့ လာနေတဲ့ နာဠာဂိရိဆင်ကိုဘဲ ဖြစ်ဖြစ်၊ သားတော်ရာဟုလာကိုဘဲ ဖြစ်ဖြစ်၊ …ဖြစ်ဖြစ်၊ ဘယ်သူ့ အပေါ်မှာဘဲဖြစ်ဖြစ် ကျောသားရင်သား
မခွဲခြား တစ်သားတည်းဖြစ်တော်မူတယ်။(ဓမ္မပဒ)။
အဲဒါကတော့ မနှိုင်းယှဉ်အပ်သော မေတ္တာတော်ပေါ့။ ဘုရားကို ကြည့်ပြီး အတုယူရမယ်။ တို့ တစ်တွေက ဗုဒ္ဓဘာသာဝင်တွေပဲ။ ဘုရားလို မကျင့်နိုင် သေးတောင်မှ သိထားရမယ်။ သိပြီးရင် ကျင့်နိုင်အောင် ကျိုးစားရမယ်ဆိုတဲ့ စိတ်ကလေး တစ်ကြိမ်တစ်ခါ ပေါ်မိအောင်ရေးလိုက်တာ။
သိမှ ကျင့်နိုင်မယ်။ မသိရင် လုံးဝကျင့်မရ။ ဘာကစရမှန်းမသိ။ ခုတော့ သိတော့သိသွားပြီ။ ကိုယ်လုပ်မှ ကိုယ်ရမယ့် ဘာသာ- မှာ သူများ ကို မျှော်မနေနဲ့ ။ ဘယ်သူမှ ရော့-အင့်လို.့ တရားကို ပေးမရ။ နည်းလမ်းသာ ညွန်ပြနိုင်ပါလိမ့်မယ်။ တရားအစစ်မှန်သည် ကိုယ်တိုင်ကျင့်ကြံအားထုတ်မှ ရပါမယ်။ ဒါတွေဟာ စာအသိနဲ့  လက်တွေ ညှိရေးလိုက်တာပါ။
မေတ္တာပို့ ရမယ့်အစီစဉ်ကို ပြောပြီးပြီ။ ပို့ ဖို့ နည်းလမ်းလို သေးတယ်။ အများရ နေတဲ့ စာအတိုင်းပါ- ကိုယ့်ကို ဒီလို မေတ္တာပို့ ရပါ့မယ်-
အဟံ အဝေရော ဟောမိ- ငါ့မှာရန်သူမရှိသူ ဖြစ်ရပါစေ။
အဗျာပဇ္စျော ဟောမိ- စိတ်ဆင်းရဲခြင်းကင်းရပါစေ။
အနီဃော ဟောမိ- ကိုယ်ဆင်းရဲခြင်းကင်းရပါစေ။
သုခီ အတ္တာနံ ပရိဟရာမိ- ချမ်းချမ်းသာသာ နေရပါစေ။
ပါဠိလို မဆိုတတ်ရင် မြန်မာလိုပဲ ပို့ ပါ။ ဘာဘာသာ နဲ့ ပို့ ပို့ ရတယ်။ မြန်မာဆိုမြန်မာ။ တစ်ခြားလူမျိုးဆိုရင် တစ်ခြားဘာသာပေါ့။ ကျန်တာတွေ ပေါင်းပို့ မယ်ဆိုရင်တော့-
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု- အားလုံးသတ္တ၀ါတွေ ရန်သူမဖြစ်ကြပါစေနဲ့ ။
အဗျာပဇ္ဈာ ဟောန္တု- စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
အနီဃာ ဟောန္တု- ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
သုခီ အတ္တာနံ ပရိဟရန္တု- ချမ်းချမ်းသာရှိကြပါစေ။
လူများအတွက် ပါဠိကား မရင်းနီးသူများအဖို့  ခက်ပါတယ်။ ပါဠိမရွတ်လည်း
ရတယ်လို့  စိတ်ထဲ မှာ စွဲမြဲထားပါ။ ဘုရားစကားတော်တွေမို့ ရွတ်တတ်ဖတ်တတ်
ရနေမယ်ဆိုရင် ကိုယ့်ကို ပီတိဖြစ်မှာလဲ သေချာတယ်။ ကြိုက်သလို ရွေးချယ်ပါ။ ဒါဆို ခုန
အပေါ်က ပြောခဲ့တဲ့ မိဘတွေ ဆရာသမားတွေ ကို မေတ္တာ ပို့ တဲ့ အခါဆို ပိုရှုပ်ကုန်မယ်။
ဘယ်သူ့ ကို ပဲ ပို့ ပို့  ဒီလေးမျိုးနဲ့  ပို့ ရင် ပြီးတာပဲ။ အမေအဖေတွေ ဆိုပါစို့ -
မေမေဖေဖေတို့  ရန်စရန်န မရှိကြပါစေနဲ့၊ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ။ စိတ်ဆင်းရဲခြင်းကင်းကြပါစေ။ ချမ်းချမ်းသာသာနေနိုင်ကြပါစေ။ ဒါဆိုရင် ဘယ်သူ့ ဖြစ်ဖြစ် ပို့ တတ်လောက်ပြီ။ တကယ်အကျိုးရှိပါတယ်။ သက်ရောက်မှုရှိပါတယ်။
မေတ္တာသဘောကို ကျန်းဂန်တွေထဲ သာဓက ဇာတ်လမ်းတွေရှိတယ်။
အကျဉ်းချုပ်ပြောရရင်-
မိခင်လိပ်မကြီးက လိပ်ဥ- ကို သဲသောင်ပြင်ထဲမှာ ဥ-ခဲ့ပြီး ရေထဲ ဆင်းနေတယ်။ သားသမီးဖြစ်မယ့် လိပ်ဥကို အမြဲတမ်း မေတ္တာပို့ တယ်။
တကယ်လို့ တစ်စုံတစ်ရာကြောင့် လိပ်မကြီး သေသွားခဲ့ရင်တော့ အဲဒီ လိပ်ဥ- ဟာ အကောင် မပေါက်တော့ဘဲ ပုပ်သွားသတဲ့။
နောက်တစ်ခု- နို့ စို့ နေတဲ့ နွားကလေး ကို မိခင်နွားမက စိတ်နဲ့ 
မေတ္တာပို့ နေတယ်၊ သားလည်း စို့ ပါစေ၊ သန်သန်မာမာ ဖြစ်ပါစေ- ဆိုတဲ့ မေတ္တာပေါ့။ အဲဒီအချိန် မုဆိုးတစ်ယောက်လှံနဲ့ ထိုးလိုက်တာ၊ အဲဒီလှံဟာ ထန်းရွက်ပမာ ပျော့ပျောင်းသွားပြီး စူးဝင်မသွားဘူးတဲ့။
နောက်ဇာတ်လမ်းတစ်မျိုးက- မိဘစကားနားမထောင်တဲ့ သားကို အမေဖြစ်သူက မသွားနဲ့ ဆိုတာကို သွားလို့ ကြိမ်ဆဲသတဲ့။ ကျွဲခတ်ပါစေဟယ်-တဲ့။ လမ်းမှာ ကျွဲတစ်ကောင်ဟာ ခတ်မယ့်ဟန်ပြင်နေတယ်။ ကောင်လေး လန့်နေပြီ။ ဒါနဲ့ ဘဲ- မေမေ့ပါးစပ်က
ပြောတဲ့အတိုင်း မဖြစ်ပါစေနဲ့ ၊ မေမေ့ ရင်ထဲ စိတ်ထဲ ရှိသလိုသာ ဖြစ်ပါစေတဲ့- ကောင်လေးက စိတ်ထဲကြံနေတုံး ရှိသေးတယ် ကျွဲက ပုံမှန်အနေထားဖြစ်သွားသတဲ့။ မခတ်တော့ဘူးပေါ့။
ဒါက တိရစ္ဆာန်တွေပါ။ စဉ်းစားသင့်တာက မေတ္တာဆိုတာ တိရ စ္ဆာန်တောင် ဒီလောက်သက်ရောက်ရှိသေးတယ်ဆိုရင် လူတွေလေ။ လူဆိုတော့ ပို ထိရောက်မှုရှိမယ်ပေါ့။
(စာရေးတဲ့ အခါ မှားမစိုးလို့  သတိပေးရအုံးမယ်- တလိတ်ဆန်- ပြောကြတယ်။ စာရေးမယ် ဆိုရင်တော့ ဘယ်လို သတ်ပုံမှန်အောင် ပေါင်းရမယ် မသိတော့ဘူး၊
လူတွေ အတွက်ရည်ရွယ်ပြောတာပါ။ စေတနာနဲ့  ကြုံတုံးလေး ပြောတာပါ။ တိရ စ္ဆာန- ပါဠိက လာတာမို့ တိရ စ္ဆာန်- လို့ မှန်အောင်သတိထားပါလေ။)
မေတ္တာ အကျိုးကြီးမားပုံကို ကျမ်းစာတွေမှာလာပါတယ်။
ဒါနကြီးကြီးကျယ်ကျယ် လုပ်တာထက်တောင် အကျိုးကြီးမားပါတယ်။
(အဂုၤတၱရနိကာယ)။
သီချင်းတောင် ရှိသေးတယ် မဟုတ်လား- တစ်နေ့ သုံးခါ၊
အိုးတစ်ရာဖြင့်၊ချက်ကာထမင်း၊ကျွေးမွေးခြင်းထက်၊မယွင်းစင်စစ်၊
နို့ တစ်ညှစ်စာ၊ကြိမ်သုံးခါမျှ၊မေတ္တာပွါးများ၊ကျိုးကြီးမားသည်၊
ဘုရားမြတ်စွာ မိန့် ခွန်းတည်း။(သီချင်း)
မေတ္တာ အကျိုး(၁၁)မျိုး ဆိုထားတာ ရှိသေးတယ်၊အဲဒါတွေက-
၁။ချမ်းသာသာအိပ်ရတယ်။
၂။ချမ်းချမ်းသာအိပ်ယာကနိုးတယ်။
၃။အိပ်မက်ကောင်းမက်တယ်။အိပ်မက်ဆိုးမမက်ဘူး။
၎။လူအများက ချစ်ခင်ခံရမယ်။
၅။လူသာမက အခြားနတ်စတဲ့ အစောင့်ရှောက်တွေက အချစ်ခံရတယ်။
၆။အချစ်ခံရရုံမဟုတ်သေးဘူး နတ်များအစောင့်ရှောက်များ က
မိဘပမာ စောင့်ရှောက်ကြတယ်။
၇။အဆိပ်ခပ်ခံရတာတို့ ၊ လက်နက် တို့ မထိခိုက်နိုင်ဘူး။
(ဆိုလိုတာက လာမယ့်ဘေးဝေးစေတယ်၊လုပ်ကြံမခံရဘူး။)
၈။တရားအားထုတ်မယ်ဆိုရင် သမာဓိရလွယ်တယ်။
၉။မျက်နှာမြင်ချစ်ခင်စရာ ရုပ်ပေါက်တယ်။ငြိမ်းချမ်းတယ်။
မြင်သူစိတ်ချမ်းသာတဲ့မျက်နှာမျိုးဖြစ်မယ်။
၁၀။မနေရလို့ သေတောင်မှ အိပ်ပျော်သလိုလေး ခံစားရမယ်။
တွေဝေမိန်းမောတာမျိုးမဖြစ်ဘူး။
၁၁။မေတ္တာဈာန်ရသွားနိုင်မယ်။ တိတိကျကျအားထုတ်ရင်ပေါ့။
နောက်ဘ၀ ဗြဟ္မာဖြစ် နိုင်တယ်။
လိုအပ်သူများအတွက် ဆောင်ပုဒ်ရေးထည့်လိုက်ပါ့မယ်။
အိပ်နိုးချမ်းသာ၊ကောင်းစွာအိပ်မက်၊ချစ်လျက်နတ်လူ၊
စောင့်လတ်နတ်များ၊မီး၊ဆိပ်၊ဓားတို့၊ရှောင်ရှားကိုယ်မှာ၊
လျင်စွာစိတ်တည်၊ရွှင်ကြည်မျက်နှာ၊သေခါမတွေ၊ လားလေဗြဟ္မာ၊ဆယ့်တစ်ဖြာသည်၊မေတ္တာပွါးမှု၊အကျိုးတည်း။
အကျိုးတရားလည်း သိသွားပြီ-
မေတ္တသုတ်လာ-ပွါးများနည်းများနဲ့  လိုအပ်ရာများကို သင့်တော်သလို ဆက်ရေးပါမယ်။
ခုတစ်ပတ်တော့ ဒီမှာ ခဏနားကြစို့ ။
အရှင်တေဇောဘာသ
သုဒ္ဓံ အတ္တာနံ ပရိဟရ န္တု
(မိမိစိတ်ကိုဖြူစင်အောင်ထားနိုင်ကြပါစေ။)
စာဖတ်ပရိသတ် အပေါင်းကို
အစဉ်ထာဝရ မေတ္တာထားလျက်-
လိုအပ်တာများနဲ့  ပြောဆိုစရာ အကြံပေးလိုရာများ tejobhasa2007@gmail.com
ကို ဆက်သွယ်ကြပါ။ အချိန်ရသလို ပြန်လည်ပြောပေးပါ့မယ်။