2. တရား, တရား- ၂
တရား, တရား- ၂
(တရား တရား ဆိုပြီး အပိုင်း (၁)ကို ရေးခဲ့ပြီးပါပြီ၊ စာရှုသူများ ဘယ်လို တွေးမလဲမသိဘူး၊ တရားဆိုပြီး ပြောလိုက်တာလဲ ကိုယ်အကြောင်းတွေချည်းဘဲ လို့ ဆိုရမလား ဘဲ။ ဘယ်လိုပဲဖြစ်စေ ဖြစ်စေ ပေါ့၊ ဒီအထဲ မှာ ကိုယ်လို ခံစားမှု တိုက်ဆိုင်တာတွေ ရှိကြမှာပဲလေ။ တကယ်ဖြစ်တတ်တဲ့ သဘာဝတွေကို စာဖတ်သူတို့  သိသွားရင်ကို ရေးရတာ အားရှိလှပါပြီ။(၁) အဆုံး သတ်ကို ပြန်ကြည့်နော်..)
ခု သွားတော့မယ်။ တရားလုပ်ဖို့ ။ သို့ သော် ပြောထားတဲ့ နေ့ မှာ မသွားဖြစ်ပြန်။ အကြောင်းကား ဦးဆောင် ဆရာတော် အလုပ်ရှိနေတာရယ်၊ ဒီမှာ မြန်မာ ဒကာ တစ်ဦးက ဆွမ်းကပ်ချင်ပါသည် ဆိုလို့  ရက် ရွှေ့ဆိုင်းခဲ့တယ်။
ခု တကယ် သွားဖြစ်တဲ့ နေ့ က( January 8th, 2009)။ မြန်မာလို ပြောလိုက်ရင် မှတ်မှတ်ရရ ပိုရှိမယ်။ ဘာလို့ လဲဆိုတော့ တကယ့် တကယ့်ကို အမှတ်ရထိုက်သော နေ့ ထူး တစ်ခု ဖြစ်လို့ ပါဘဲ။အဲဒီနေ့ က- စာရေးဆရာ ဒါရိုက်တာ ဦးသုခ တို့  ဦးဆောင်သတ်မှတ်ခဲ့တဲ့ အမေ့နေ့ ပါ။ ပြာသိုလ်လပြည့်နေ့ လေးပေါ့။အမေဆိုတာ က တကယ့် အမှတ်ရထိုက်၊ တကယ်ကျေးဇူးရှင်ပါ။ အမေကို အမေမှန်း သိတတ်လို့  ကျေးဇူး ဆပ်မယ်ဆိုရင် ကော တရား မဟုတ်ပေဘူးလား? ဆိုတော့ ခု အမေ့နေ့ မှာ အမေကို ဘာနဲ့  ကျေးဇူး ဆပ်မလဲ၊ တရားနဲ့  ဆက်တာ အကောင်းပဲလေ။ အင်း စိတ်ထဲ ရှိတာ ပြောရရင် လူတွေလို နှိပ်နယ်ပေးတာ၊ လိုအပ်တာ ပေးလှုတန်းပေးဖို့ ဆိုတာလဲ ဘုန်းကြီးဖြစ်နေတော့ စိတ်ကြိုက်ပေးလို့ မရ။ ပေးမယ်ဆိုရင်ကော …စဉ်းစားစရာ။ ရှိရောရှိလို့ လား။ကဲထားပါတော့လေ။ ကိုယ်မတတ်နိုင်လို့  တရားနဲ့ ကျေးဇူးဆပ်တယ် ထင်ကြလိမ့်မယ်။ ထင်နိုင်ပါတယ်။
မနက် ၇-နာရီမှာ စတင်ပြီး ကိုလံဘိုကထွက်ခဲ့တယ်။ဟိုရောက်တော့ ညနေ ၄နာရီရောက်တယ်။ကားစင်းလုံးငှါးပြီး လိုရာခရီးသို့  လျှောက်လှမ်းခဲ့ကြတယ်။အဲဒီသွားတဲ့ ခရီးမှာတော့ကားခလှူသူဆွမ်းဆက်ကပ်တဲ့သူနဲ့ ။ န၀ကမ္မ ကို ခွဲတမ်းကျ မလုပ်ခဲ့ ကြပါဘူး။ သွားတဲ့ သံဃာတွေထဲကပဲ လှူတန်းကြတယ်။ ဟိုရောက်တော့ အစားသောက်က ကိုယ့်မြန်မာ ရိုးရာအစားစာ ဖြစ်တဲ့ ငပိကြော်တို့ ၊ မြေပဲ ကြော်တွေကို စီစဉ်လှုကြတယ်။ မှတ်မှတ်ရရ အင်္ဂလန် မှာ သာသနာပြုနေတဲ့ ဘုန်းကြီးတစ်ပါးက သံဃာတွေ တရားထိုင်တာ ကြည်ညိုလို့ ဆိုပြီး
ရောက်တဲ့ နေ့ ဘဲ နေ့ ကိုအချင်းချင်း ပြောကြတော့ ဒီနေ့  နေ့ ကောင်းတယ်။တကယ့်နေ့ ပဲ။အဲဒါနဲ့  နေလုံးကျ လထွက်စ အချိန် ညနေ ၅ နာရီခွဲမှာ စတင် ပြီး အခန်းနားဖွင့်ခဲ့ပါတယ်။သာယာကြည်နူးဖွယ် စိတ်အေးချမ်းဖွယ်ကောင်းလှတဲ့ တော တောင် ရေကန် သဘာဝရှုခင်းများ၊ တောရိုင်းတိရစ္ဆာန်ဟု ဆိုရတဲ့  မရိုင်းသော တိရ စ္ဆာန်များ ကိုတွေ့ ခဲ့ရတယ်။
နေရာကလည်း ကြည့်ဦး- စိတ္တလ ပဗ္ဗတ တောင်တော်။ နယ်ဒေသ အခေါ်ဝေါ်က စိသုပါဝဲ တဲ့။(Sithupawwa)
တကယ့် သူတော်ကောင်းကြီးများ နေထိုင်သီတင်းသုံးခဲ့တဲ့နေရာ။စိတ္တလ မထေရ်ကို အစွဲပြုပြီး နာမည်တွင်ခဲ့တဲ့ နေရာ။ အဲဒီ မထေရ်မှ စပြီး အခြားရဟန်းတာ ပေါင်းများစွာ ပေါ်ထွင်းခဲ့သည်နေရာ။ ဒါက အကျဉ်းဘဲ ပြောပါတော့မယ်။ အကျယ်ကို ရေးထားတာတွေ အများကြီး ရှိနေပါတယ်။ ကန္နီဖောင်းဒေးရှင်းက ၀က်ဘ်ဆိုက်ကို ဖွင့်ကြည့်ကြပါတော့။
နောက်နေ့မနက်ခင်း- (၁၁.၀၁.၂၀၀၉)
တောင်တွေပေါ်လိုက်လံကြည့်ရှုခဲ့တယ်။ လှိုဏ်ဂူတွေ တရားထိုင်လို့ ရမယ့်နေရာတွေ။ နေရာ အနှံ့ ပြား လိုက်ပို့ ပေးသူကတော့ အရှင်စန္ဒ၀ိမလ ။ သီရိလင်္ကာနိုင်ငံက တောနေရဟန်း။ တောနေရဟန်း ဆိုပေမယ့် အင်္ဂလိပ်တော့ အချင်းချင်းကို နားလည်အောင် ကောင်းကောင်း ရှင်းပြနိုင်တယ်။လိုက်လံပြသရင်း တောင်ထိပ်ပေါ်မှာ နေတဲ့ တောနေ ရဟန်းတစ်ပါးကို တွေ့ ပြန်တယ်။ သူကတော့ အရှင်ဟေမာလောက၊ အဲဒီနိုင်ငံသားပဲ။ တစ်ပါးတည်းတောထဲမှာ နေနိုင်တာ ကို ခြီးကျူးလောက်ရဲ့ ။ ဒါကြောင့်လည်းဘဲ ဘုရားရှင်က တောနေ ရဟန်းကို ခြီးမွမ်းခန်း သီးသန့် ထုတ်ထားတာကို။ တကယ်ပါ။ သူ့ ကို မြင်လိုက်တာနဲ့  ဘုရားရှင် လက်ထက်က
ရဟန်းတော် တွေ ဒီလိုဘဲနေမှာ လို့  အောက်မေ့မိရဲ့ ။ ရသေ့ရဟန်းတွေမျိုတဲ့ တောင်လို့  တောင်ပြောစမှတ်ပြုလောက်တဲ့ တောင်ရှိခဲ့ဘူးတယ်လေ။ သူတော်ကောင်းများဟာ ဒီလိုဘဲ မွေ့ လျော်တတ်ပါပေတယ်။ ဒါ့ထက် လန့် စရာက ဆင်တွေက တောရိုင်းဆင်တွေ ပြီးတော့ ခြင်္သေ့ သစ်ကျား ဆိုတာကိုလည်း လက်ညိုးနဲ့ ထိုးပြတော့။ တောနဲ့ ကွာဝေးခဲ့တဲ့ သူအဖို့ 
လန့် စရာပဲ မဟုတ်ပါလား။ မေးပါများစကားရ ဆိုသလို မေးမှ သိမှာ မိုလို့  ဆရာတော်လေးကို မေးခဲ့သည်။ ခု ဒီလိုနေတော့ အေးချမ်းတယ်။ တစ်ပါးတည်းနေတော့ သားရဲတွေ မကြောက်ဘူးလား၊သားရဲတွေ လာတယ်လို့ လိုက်ပို့ သူက ပြောထားတာကိုး။ တောင်ပေါ်က ဆရာတော်လေးကို မေးတဲ့အခါ မှာ သူတို့ က မိတ်ဆွေတွေတဲ့။ ဘယ်နှယ်လဲ စာဖတ်ပရိသတ်တို့ ၊
ကြောက်စရာကောင်းတဲ့ သားရဲကိုတောင် သူပြောတဲ့စကားက……..တဲ့။ အော် အရှင်ဘုရား ဘယ်လိုကြောင့်လဲ ဘုရား၊ ဘုရားပေးတဲ့ ကရဏီယ သုတ်ကို ရွတ်တယ်၊ပွါးတယ်။တရားထိုင်တယ်ပေါ့။ ( မှတ်စရာ- သီရိလင်္ကာက မေတ္တသုတ်ကို ကရဏီယ မှစလို့ ကရဏီယ သုတ်ဟုခေါ်တယ်၊)
ဟုတ်ပါတယ်။ ဒီဆရာတော်လေး ပြောသလို မေတ္တာ ဆိုတာ မြန်မာလို အဖြောင့်ပြန်လိုက်တော့ မိတ်ဆွေဖွဲခြင်း-ဘဲ။ မိတ်ဆွေလို့ မြင်ရင် လူဟာ ရန်သူဆိုတာ ရှိမလာနိုင်ပါဘူး။ ဒါနဲ့  တရားကရော ဘာမှတ်သလဲ ဘုရားပေါ့ ဆက်လက် မေးမြန်းတဲ့ အခါ တရားကတော့ တပည့်တော်က မြန်မာပြည်ကို ကပ္ပိယ အနေနဲ့  ဖားအောက်ကို သွားခဲ့ဘူးတယ်။ အဲဒီတုန်းက တရားထိုင်ခဲ့သေးလား။ အင်း –နဲနဲ ပါးပါးဘဲ ထိုင်ဖြစ်ခဲ့တယ်၊ပြုစုဖို့ လိုက်သွားတာဆိုတော့ – ပြောပါတယ်။ ဒီလို ဆိုတော့ ရဟန်းဝတ်တာကတော့ ဖားအောက်ဆရာတော်ထံမှာပါဘုရား။ တရားက တော့ သူ မှတ်တာတွေ ဆက်လက်ပြောပြတယ်။ စတုရာက္ခ ကမ္မဋ္ဌာန်း ပါဘုရား။ ပြီးတော့ အာနပါနဿတိ လည်းလုပ်ပါတယ်။ နောက်တစ်ပါးက ထပ်ပြောတယ်။ အားရပါးရ။ အရှင်ဘုရား တော တောင်နေတာ အာဂ သတ္တိပါဘုရား။ အရှင်ဘုရားကို ခြီးကျူးပါတယ်။ ကြည်ညိုလို့ ပြောတာပါ။ အဲ..အဲဒီဆရာတော်လေး က ဘာပြောတယ် မှတ်သလဲ။ တောတောင်နေလို့  ဂုဏ်ယူစကားပြောမယ်ဆိုရင် တောတောင်ထဲ မှာ သားရဲ တွေလည်းနေတာပါပဲ-တဲ့။
ရယ်ရယ်မောမောနဲ့ ပြန်ပြောတာပါ။ အဲလိုပါပဲ တောနေရဟန်းဆိုပြီး တောနေရုံသက်သက်လည်း ဘာမှ မထူးပါဘူး၊ တရားမလုပ်ရင်တော့။ ခုန သူပြောသွားတဲ့ သားရဲ သာသာ ရှိမှာပါ။ သူပြောသွားတဲ့ စတုရာရက္ခ ကို ကန္နီနည်း အနေနဲ့  ဖေါ်ပြပေးပါမယ်။
တရားတရား -၃- မှ စလို့  ရေးသားဖေါ်ပြပါတော့မယ်။