7. တာဝန် ၀တ္တရားမှသည် နိဗ္ဗာန်ဆီသို့ 

တာဝန်ဝတ္တရားဆိုတာ သူ့ အရွယ်လျှောက်ပြောင်းလဲလာပါတယ်။လူသားတစ်ယောက်အနေနဲ့  ပထမဆုံး စတွေ့ ကြရမှာက မိဘနဲ့ သားသမီးပေါ့။နောက် ၄ နှစ် ၅ နှစ်ဖြစ်လာတဲ့အခါ မူလတန်းကျောင်းသား ဘ၀ စကြတယ်။အဲဒီအချိန်မှာ ဆရာရယ် တပည့်ရယ် ဖြစ်လာပြန်ရော။အရွယ်ရောက်လာပြန်တော့လည်း အချစ် တွေ ထွား အိမ်ထောင်များကျသွားပါသကော။ ခင်ပွန်း နဲ့ ဇနီး ခေါ်ကြပြန်ရော။လူသားရယ်လို့ ဖြစ် လာ တော့ တစ်ယောက်ထဲ နေလို့  မဖြစ်ဘူးလေ။အပေါင်း အဖေါ်က လုံးဝ ကင်းလို့ မဖြစ်။စီးပွါးရေး လူမှုရေး က အစ ဘာသာရေးပါမကျန် အစစ အရာရာမှာ လိုအပ်တယ်။ အဲဒီ အချိန်မှာ မိတ်ဆွေဆိုတာ ဖွဲ့ ရလာပြန်ရော။လူငယ် လူရွယ် လူလတ် လူကြိး ဘယ်သူပဲ ဖြစ်ဖြစ် ကိုးကွယ်ရာ ဘာသာက ရှိနေတော့ ဆရာရယ် ဒကာ ရယ်လို့ ဖြစ်သွားပြန်သွားပြန်တယ်။ဒါက ဆက်စပ်ဖြစ်လာပုံနဲ့  လူသားတိုင်းမှာ သူ့ နေရာအလျောက် ပြုလုပ်ရ မည့် တာဝန်ဝတ္တရားတို့  မဖြစ် မနေလိုအပ်ကြောင်း စကားစ လမ်းကြောင်းလေပေါ့။

ဒီတာဝန်နဲ့ ဝတ္တရား အကြောင်း တစ်နေ့ က သင်တန်း မှာ ပို့ ချရင်း တာဝန် ၀တ္တရား ကျေရင် နိဗ္ဗာန် ရနိုင်

ပါတယ်။ရောက်နိုင်ပါတယ်လို့  ပြောခဲ့တယ်။ နိဗ္ဗာန်- ဆိုတဲ့ စကားကို ဗုဒ္ဓဘာသာ တစ်ယောက်အတွက် အရင်းနီးဆုံး စကားပါ။ ဘာ-ကုသိုလ်လုပ်လုပ် နိဗ္ဗာန်ဆိုတာလေ။ဒါန သီလ ဘာဝနာ- ကုသိုလ် လုပ်ပြီးတိုင်း နိဗ္ဗာနဿ ပစ္စယော- ပဲမဟုတ်လား။

လူအများစုက တော့ သီလ ဆိုရင် ၅ပါးသီလ၊ ၈ ပါးသီလ၊ရှင်သီလ၊ ရဟန်းသီလ တို့ ကို သွားမြင်ကြတာ

များပါတယ်။နားလည်မှုက ဒါပဲ သိတာများပါတယ်။ လူတွေ ပြောပြောနေတဲ့  တရားစာ အဖတ်များသူနဲ့တရား နာ များသူက တော့ ခု ပြောမည့်ဟာတွေက နားလည်ပြီးသားပေါ့။ နားမလည်တဲ့ လူများအတွက် သိစေချင်တာနဲ့ ရေးလိုက် တာပါ။

သီလ-က အကျဉ်းချုပ် အနေနဲ့  ၂ မျိုးရှိပါတယ်။ ၁။စာရိတ္တ သီလ= ဖြည့်ကျင့် သီလ ၂။ဝါရိတ္တ သီလ= ရှောင်ကြဉ်သီလ ပါ။ ၁။ ဖြည့်ကျင့်သီလကတော့ သူအရွယ်လျောက်၊သူ့ နေရာနဲ့ သူ ပြုလုပ်ရမည့် ၀တ္တရား

တွေ ကိုပြုလုပ်သူတွေ၊ ပြုလုပ်နေတာတွေကို () သီလကို ဖြည့်တယ် လို့ ခေါ်ပါတယ်။ ၅ပါးသီလ ၊ ၈ပါး သီလ တွေကို ရှောင်ကြဉ်တဲ့ သီလ ကိုတော့ အားလုံးသိကြပါတယ်။ ထင်ရှားပါတယ်။ ဒါ့ အပြင် အကျယ် သီလ အမျိုးစား အများပြားကို ၀ိသုဒ္ဓိမဂ် မှာ လာပါတယ်။ဒီနေရာ ကျယ်နေမှာမို့  မပြောတော့ပါဘူး။

ဒီနေရာမှာ တာဝန်ဝတ္တရားများကို ပြောချင်တာမို့  ဒီ၂ မျိုးထဲ က စာရိတ္တသီလ ကိုပဲ ပြောပါမယ်။ ကိုရင် စုတ်မွှား ဘ၀က ကြားခဲ့ဘူးတာ-

အရှေ့ အရပ်က မိဘ၊တောင်အရပ်က ဆရာ၊အနောက်အရပ်က ဇနီးမယား၊ မြောက်အရပ်က မိတ်ဆွေ အပေါင်းသင်း၊ အထက်အရပ်က ရဟန်းပုဏ္ဏား၊ အောက်အရပ်က ကျွန် အလုပ်သမား= တဲ့။ ကလေးဆိုတော့

ဒီလောက်ဘဲ မှတ်ထားတာပေါ့။ နဲနဲ အရွယ် မရောက်တရောက် အရွယ်ကျတော့ ဒီစာ ဘယ်ကလာသလဲ လို့ 

သေချာ မစူးစမ်းသော်လည်း ဝေေ၀၀ါးဝါးနဲ့  ရှေးပညာရှိတွေ အဆိုဘဲ ဖြစ်မှာပေါ့လေ လို့  သိသလိုမသိသလို

နဲ့  ဒီ အတိုင်းပဲ နေခဲ့ပါတယ်။

နောက်စာမေးပွဲအတွက် လေ့လာရင်းကနေ သိလာခဲ့တယ်။ ဒါက ရှေးပညာရှိအဆိုတော့ ဟုတ်တယ်။ သာမန် ရှေးပညာရှိမဟုတ်ပါလား။ ပညာရှိများရဲ့  ထိပ်ခေါင် ပညာရှိ။တန်းတူမရှိတဲ့ ပညာရှိ ပါ။ ပညာရှိ ဆိုလိုက်ရင် သာမန် စာရေးဆရာ ပညာရှိဘဲ ထင်မှာ စိုးရတယ်လေ။ သာမန်ပညာရှိက သူ့ နေရာနဲ့ သူ ပညာ

ရှိကြတာပါ။ ခု ပြောမည့်ပညာရှိက တကယ့် ပညာရှိ အစစ် ဖြစ်တော်မူတဲ့ မြတ်စွာဘုရားပါ။နေရာတကာ နှံ့ နှံ့ စပ်စပ် သိတော်မူလို့  သဗ္ဗညု အမည်ရတော်မူတာပါ။

လောကထဲမှာ နေတော်မူတဲ့ မြတ်စွားဘုရား၊ လောက လူတွေနဲ့ မကင်းပါဘူး။ မကင်းလို့ ပဲ သတ္တ၀ါ အတွက်အနားမနေ ပြောဟောပြသတာ ၄၅ နှစ်တာ။ တစ်ရွာဝင် တစ်ရွာထွက်၊ တစ်နယ်ဝယ် တစ်နယ်ထွက် နဲ့  တစ် နေ့ တော့ သိင်္ဂါလ ဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့  တွေ့ ပါတယ်။ တွေ့ ပုံက မြတ်စွာဘုရားက

ရာဇဂြိုဟ် မြို့ ထဲ ဆွမ်းခံအ၀င်၊ ကောင်လေးက ရာဇဂြိုဟ် မြို့ က အထွက်။

ကောင်လေး ဆိုပေမယ့် ကောင်လေးက မိဘစကားနားထောင် တဲ့ ကောင်လေး၊ ဟုတ်သည်ဖြစ်စေ မဟု တ် သည် ဖြစ်စေ မိဘစကား မြေ၀ယ်မကျ နားထောင်တဲ့ ကောင်လေး။ မိဘစကား နားထောင် မဆင်းရဲ ဘူး

ယူဆထား လေသလားမသိ။ သူကခေါင်းလျှော်ရေချိုးခဲ့ပြီး ခေါင်းက ဆံပင်တောင် မခြောက်သေး ရွာအပြင်

ဘက်ထွက် အရပ် ခြောက်မျက်နှာကို တစ်ခုချင်း လှည့်ပတ်ရှိခိုးနေတယ်။

အဲဒီအချိန် ကံကောင်းထောက်မစွာ မြတ်စွာဘုရားနဲ့  တွေ့ ပါတယ်။ မြတ်စွာဘုရားက ငါ ဆွမ်းခံသွားမှဘဲ

ဆိုပြီး ကျော်မသွားဘူး။ ကောင်လေးဆိုပြီးတော့လည်း ဒီတိုင်း ထားမခဲ့ဘူး။ နှုတ်ဆက်စကား ပြောတော်မူ

ပါတယ်။ ဟေ- (ဘာလုပ်နေလဲဟေ့…)ဘာပြုလို့  မင်းက အရပ်မျက်နှာတွေ လှည့်ပတ်ရှိခိုးနေတာလဲ? ..

ပိတာ- က ဒိသာ ကို ရှိခိုးခိုင်းလို့ ပါ (ဘုရား)။ အဖေ့စကားကို လေးလေးစားစား မြတ်မြတ်နိုးနိုး ရှိတာနဲ့  ဒိသာတွေကို လှည့်ပတ်ရှိခိုးတာ…(ဘုရား)

(ဘုရား-လို့  ဒီကောင်လေး မလျှောက်တတ်တာတော့ သေချာတယ်၊မြန်မာ မှ မဟုတ်တာ ။

ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။)

အေး- ဘုရားရှင်သာသနာမှာ ဒီလို အရပ်မျက်နှာ( ဒိသာ ) တွေကို ရှိခိုးရမှာ လို့ ဆိုလိုတာ မဟုတ်ဘူး။လို့ 

ဘုရားရှင်က ပြောလိုက်တဲ့ အခါ-

ကောင်လေးက- ဒါဆို ဘယ်လို အရပ်မျက်နှာ ( ဒိသာ ) တွေကို ရှိခိုးရမယ် လို့  ဆိုလိုတာလဲ ဘုရား။ ဘုရားရှင်သာသနာ အလို အရပ်မျက်နှာ ( ဒိသာ ) တွေကို ရှိခိုး ရမည့်ဟာကို မြတ်စွာဘုရား ဟောတော်မူပါ

ပါ- တဲ့။

ဒီနေရာမှာ မှတ်သားထိုက်တယ်။ ကောင်လေး က ဘုရားကို မေးရဲ တဲ့ သတ္တိ အပြည့်ရှိတယ်။ မြန်မာ

အကျင့် အားနာတယ်၊ ရှက်တယ်။ ဒါလေးတောင် မသိဘူးလား အထင်ခံသွားရမှာစိုးတယ်။ ဒီအကျင့်မျိုးရှိ

ရင် ရှောင်လိုက်ပါ။ ခေတ်တိမ်သွားပြီ။ နိင်ငံတကာမှာ ပြောရဲဆိုရဲ ကြတယ်။ကိုယ်က ဆရာဖြစ်ရင်လည်း သေ

ချာ ပြန်ဖြေပေးဖို့  ၀န်မလေးပါနဲ့ ။ ဆရာများကလည်း မင်း ငါပြောပြီးသားကွာ။ ခဏ ခဏ မမေးနဲ့ - ဆိုတာ

မျိုး ရှိတာမို့  မေးမည့်သူမှာလည်း ဒီ အတွက် စိုးရိမ်ရသေးတယ်။

ကဲ- ဒီလိုဆို နားထောင်လေကွာ။ကောင်းကောင်း စိတ်အာရုံစိုက်ထား။ လို့  မြတ်စွားက မိန့် တော်မူပါ တယ်။ ကောင်းလေးက လည်း ဧ၀ံ ဘန္တေ မှန်ပ မြတ်စွာဘုရား ပြောတဲ့ အတိုင်း ဖြစ်စေရပါ့မယ်-တဲ့။

(ထပ်ပြီး စကားညှပ် ပြောချင်ပါသေးတယ်။ မြတ်စွာဘုရား ဟောထားတော်မူတာက တော့ သုတ်တစ် သုတ်လုံးဆိုရင် အရှည်ကြီးပါပဲ။ ဒီနေရာ ၀တ္တရား များကိုသာ ပြောသွားပါမယ်။)

ကျင့်ဝတ် ၀တ္တရားတွေက ဟိုနဲနဲ ရှေးကျတဲ့လူတွေက အလွတ်ရကျပါတယ်။ ကျောင်းသုံးစာအုပ်ေ တွမှာ လည်း ပါတယ်။ ဗလာစာအုပ် နောက်ကျောမှာလည်း ရေးပြီး စာအုပ်ထုတ်ဝေတယ်။ခုခေတ်ကတော့ ကြော်

ငြာတွေများသမို့  ကြော်ငြာနဲ့  မင်းသားမင်းသမီး ပုံလောက်တာ တွေ့ ရတော့တယ်။

၁။သားသမီးကျင့်ဝတ် () ပါး

ကျွေးမွေး မပျက် ၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှုမျှဝေ၍၊စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ကျင့်ဖွယ်သား

တို့ တာ။

၁။မိဘတို့ ကို ကျွေးမွေးမှု မပျက်ကွက်ပါစေနဲ့ ။

၂။မိဘတို့  အမှုကြိးငယ် လုပ်ငန်းဆောင်တာများကို ကူညီပါ။

၃။မိဘတို့ ရဲ အမွေကို ခံယူပါ။

၎။မိဘတို့ ရဲ့ အမျိုးသိက္ခာကို စောင့်ထိန်းပါ။

၅။မိဘတို့ ကွယ်လွန်သွားသော် မိဘတို့ ကို ရည်စူးပြီး အလှုတန်းလုပ်ပါ၊ အမျှပေးဝေပါ။

သားသမီး ကျင့်ဝတ်မှာ ပြောစရာမလို၊ တိုက်တွန်းစရာ မလိုမည့် ကျင့်ဝတ် တစ်ခုကတော့ မိဘအမွေ ကို ခံယူပါဆိုတဲ့ ၀တ္တရားပါပဲ။ အမွေ များများ လိုချင်တဲ့ သားသမီးဟာ မိဘကျေးဇူး ဆပ်ရန်ခဲရင်းမယ်လို့ ထင်ပါ

တယ်။မိဘကျေးဇူးကိုတော့ မမေ့သင့်၊ ပြန်လည် ကျွေးမွေးမှု ပြုသင့်ပါတယ်။ပြုကို ပြုရပါမယ်။ မြတ်စွာဘုရား

က မိဘတွေက သားသမီးတွေအပေါ်ထားတဲ့ စေတနာ မေတ္တာဟာ သားသမီး များရဲ့  ပုခုံးပေါ်မှာ ဇိန်ရှိရှိ အနှစ်တစ်ရာပြန်လည်ကျေးဆပ်ဦးတော့ ကျေပွန်ပြီလို့ ပြောလို့ မရသေးတဲ့။ ရတနာသုံးပါးအပေါ် ယုံကြည်

လာအောင်၊ဥပုသ်စောင့်လာအောင်၊အလှုတန်း လုပ်တတ်လာအောင်၊ တရားအသိတိုးအောင် မိဘတွေကို

ပြုလုပ်ပေးမှ အမှန်အကန် ကျေးဇူးဆပ်ရာရောက်ပါတယ်-တဲ့။(အင်္ဂုတ္တရ နိကာယ်)

သင်တန်းမှာ အင်္ဂလိပ်လို ပို့ ချတော့၊ ဘာသာပြန်ထားတာက နံပါတ် သုံးကို- I shall keep the family tradition. တဲ့။ အဲဒီ အတိုင်း ပြောလိုက်တော့ ထပြီး ဂျာမန်ဒကာ တစ်ယောက်က မေးပါလေရော။ ဒါနဲ့ -

ပါဠိမှာက ကုလ၀ံသံ ဌပေဿာမိ- ဆိုတော့ ကုလ – က family ၀ံသ- က tradition . အော် သူတို့ တော့

နားလည်မှာပဲပေါ့ ပြောလိုက်တာလေ။ မြန်မာလိုက ရှင်းတယ် အမျိုးနွယ် ဂုဏ်သိက္ခာ- လို့  မြန်မာ ရဟန်း

တစ်ပါး။ မြန်မာနားများနဲ့  ထူးရှင်းစရာမလိုဘူး။ ဘာသာကလည်း ထိန်းသိမ်းရမှာ။လူမျိုးလည်းထိန်းသိမ်း ရ

မှာ၊ ဘာမှ မရှုတ်ဘူး။ သူတို့  ဘာသာပြန်ထားတာနဲ့  ကြည့်တော့လည်း ဟုတ်နေတာပဲ။ ရိုးရာက ဒီဗုဒ္ဓဘာ

သာ မဟုတ်ဘူး။ ခုသိတတ်မှ ပြောင်းလာတာဆိုတော့ ခက်ပါလေရော။ ဘာသာပြန်ထားတာနဲ့ တစ်မျိုးကြိး။

ဒါနဲ့ - အဆင်ပြေအောင် ရှင်းပြလိုက်တာကတော့- ကေသမုတ္တိသုတ် မှာ ကာလာမ အမျိုးကောင်းသား တွေ

ကို ဟောထားတာ ရှိတယ်။ ကိုယ့်ဘာသာ၊ကိုယ့်ဆရာ၊ ကိုယ့်မိဘပြောတာတွေလည်း အတည်မမှတ်နဲ့ ၊

ပိဋကတ်စာပေနဲ့  ကိုက် ညီတယ်ဆိုပြီး အဟုတ်မှတ်မနေနဲ့ ။မိရိုးဖလာ ကိုးကွယ်တာဆိုပြီးတော့လည်း အဟုတ် ထင်မနေနဲ့ ………။ ဒီအလုပ်လုပ်လိုက်လို့  ပျော်ရွှင်မှု ရှိ မရှိ။ အကျိုးရှိ မရှိ။ သူတစ်ပါး ရော ကိုယ်

ပါ ထိခိုက်တဲ့ အလုပ်လား၊ အကျိုးရှိတဲ့ အလုပ်လား။ ကောင်းတဲ့ အကျိုးရလာဒ်ရှိရင် ဆက်လုပ်။ မကောင်း

ဘူးဆိုတာ သိရင် စွန့် ပစ် လိုက်လို့ ဘုရား ဟောထားတာ ရှိတယ်။ ပြီးတော့ ဒီနေရာ မှာ ကုလ၀ံသ family

tradition ကို ထိန်းသိန်းရမယ် တာ ဒီလို ဘဲ နားလည် လိုက်ပါလို့ - ပြောခဲ့ရတယ်။အမလေး ဗျာ- တော်

သေးတာပေါ့။ ကေသမုတ္တိ ကယ်လိုက်လို့ ။ရုတ်တစ်ရက်ဆိုတော့ မြန်မာလို ဂုဏ်တွေသိက္ခာတွေ ဆိုတာ

ဘာသာ မပြန်မိဘူးလေ။ အတွေ့ ကြုံလေးတွေကို မျှဝေချင်လို့  ပြောပြတာပါ။ကျန်တဲ့ အချက်တွေက သိလောက်ပါပြီ။

၂။မိဘကျင့်ဝတ် ငါးပါး

မကောင်းမြစ်ထာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ပေးဝေနှီးရင်း၊ထိမ်းမြားခြင်းလျင်၊ ၀တ်ငါးအင်၊ ဖခင်

မယ်တို့ တာ။

၁။မကောင်းတာ မလုပ်ဖို့ တားမြစ်ရမည်၊

၂။ကောင်းတာ လုပ်တတ်ဖို့  သင်ပေးရမည်၊

၃။အတတ်ပညာ သင်ပေးရမည်။ ကျောင်းထားရမည်။

၎။ သင့်တော်တဲ့ အခါမှာ အမွေခွဲဝေ ပေးရမည်။

၅။အရွယ်ရောက်သားသမီးများကို ထိမ်းမြားပေးရမည်။

မိဘတို့ ဘက်က တာဝန်ကတော့ များသောအားဖြင့် မိဘတိုင်း တာဝန်ကျေကြပါလိမ့်မယ်။ များသောအားဖြင့်

ဆိုတာက အကြောင်းရှိပါတယ်။ မကောင်းတဲ့ မိဘက သားသမီး ကို မကောင်းတာဘဲ တိုက်တွန်းပါလိမ့်မယ်။ ဆိုပါစို့ သားသမီးက ပညာတတ်လာပြီ၊ မိဘက လုပ်ရိုးလုပ်စဉ် အလုပ်၊ စီးပွါးရေးအရ အမြန်ကြီးပွါးတဲ့ အလုပ် မျိုး လုပ်ရင် သားသမီးက ဒီ အလုပ်က ဥပဒေ မလွတ်ကင်းဘူး၊ ဥပဒေ လွတ်ကင်းတဲ့ အမိန့် ရ ဘားဆိုင်ဖြစ် လင့်ကစ ဒီအလုပ်က လူတွေကို အကျင့်စာရိတ္တပျက်တဲ့ အလုပ်ပဲ လို့ ပြောခဲ့ရင်တောင်။ နင်တို့ ကို တစ်သက် လုံး ဒါနဲ့ လုပ်ကျွေးလာခဲ့တာ၊ မင်းတို့ ပဲ ဒါလုပ် ဆိုတာမျိုးရော မရှိနိုင်ဘူးလား။အနည်းစုပေါ့၊ မြန်မာအတွေးနဲ့ 

ပြောကြည့်တာပါ။ဖြစ်တတ်တဲ့ သဘာဝ ကို စဉ်းစားကြည့်တာပါ။ မိဘတိုင်းက ကိုယ်သားသမီးကို ဘယ်သူမှ

မကောင်းတာ မဖြစ်စေချင်ကြပါဘူး။ကိုယ်လုပ်ခဲ့ရင်တောင်မှ ငါက မရှိလို့  ဒီအလုပ် လုပ်ရတာ မင်းတို့ ကျောင်း ထားတာက ငါလို မဖြစ်ရအောင်၊ ငါခု လုပ်သလို မလုပ်ရအောင် ဆိုတဲ့ မိဘများသာ အများစု စိတ်

ထားကောင်းရှိကြပါတယ်။ ကောင်းတာ လုပ်တတ်ဖို့ မှာ ငယ်စဉ်ကတည်းက သင်ထားပေးသင့်ပါတယ်။ ကလေးတွေ ဆိုတာ မီးမဖုတ်ရသေးတဲ့ အိုးနဲ့ တူတယ်၊ ကိုယ်လိုသလို ပုံဖေါ်ပေးပါ ရနိုင်ပါတယ်။ ကြိးမှ သင်

ပေးမယ် ဆိုရင် နွားအို အမော့သင်ရသလို ပြောရခက် ဆိုရခက် ဖြစ်ပါတယ်။ ကောင်းတဲ့ အမူကျင့် မှန်သမျှ

သင်ပေးထားရပါမယ်။ အမွေ နဲ့ ပါတ်သက်လို့ လည်း သားသမီးကို မိမိရှိသမျှကို အကုန် ပေးသင့် မပေးသင့်

နဲ့  ပေးသင့်တဲ့ အချိန် ရွေးချယ်တတ်ဖို့  လိုတယ်။ ပေးသင့်သလောက်သာ ပေးရပါမယ်။ ကိုယ်ဆီမှာ ဘာမှ

မရှိရင် မလိမ်မာတဲ့ သားသမီး ပြန်ကပ်မယ် မမျှော်လင့်နဲ့ ။အရွယ်ရောက် သားသမီးများ ထိန်းမြား ပေးသင့်

တယ်။ လူ့ ဘ၀ မှာ သူ့ ဟာနဲ့ သူ ဖြစ်သင့်ပါတယ်။ တစ်ကိုယ်ထည်း အပျိုကြီး၊ လူပျိုကြီး က သူတော်စင်တို့ 

အလုပ် ဟု ထင်ပါတယ်။အထင်ပြောတာပါ။ ကောင်းမယ်ထင်ရင် လူပျိုကြိး အပျိုကြီး ဘ၀ နေကြပေါ့။ဆရာကြီး ဦးရွှေအောင် ရဲ့ ဓမ္မပဒ ကာဠယက္ခိနီ ၀တ္ထု ဖတ်ကြည့်စေချင်တယ်။ ဒီကိစ္စက မြန်မာပြည်မှာ ပြဿ

နာ။ စာအရ အိမ်ထောင်ရက်သား ချပေးခိုင်းတာ။ မိဘကိုယ်တိုင် ရွေးချယ်ပေးတော့ သားသမီး မကြိုက်တော့

ဘယ်လို လုပ်မလဲ။ သားသမီး ကြိုက်ပြီး မိဘ သဘောမတူတော့လည်း အမွေပြတ်တဲ့။ဒီလောက်ဆို လုံ လောက်ပြီ ။အဝေးက လှန်းကြည့်တာပဲ။ လူ့ လောက လူတွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။

၃။တပည့်ကျင့်ဝတ် ငါးပါး

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ထံနီးလုပ်ကျွေး၊ သင်တွေး အံရွတ်၊ တပည့်ရွတ် မချွတ် ငါးခုသာ။

၁။ထထကြွကြွ လုံ့ လရှိရတယ်၊

၂။သေချာစွာနားထောင်ရတယ်၊

၃။ဆရာကို မြင်ခဲ့ရင် ကြိုရတယ်။

၎။ဆရာကို ပြုစုရတယ်၊ နင်းနှိပ်ပေးရတယ်၊

၅။သင်တဲ့သင်ခန်းစာကို ကောင်းကောင်းကျက်မှတ်ရတယ်။

တပည့်ကျင့်ဝတ်တဲ့။ ခုခေတ်ကျောင်းသားများ ထထကြွကြွ ရှိကြပါတယ်။ စာတော့ မဟုတ်ဘူး။(………..)

တကယ်တမ်းကတော့ စာအပေါ် စိတ်ဝင်တစား ရှိကြရမှာပါ။ကျောင်းသားဆိုပေမယ့် စာလေ့လာတဲ့ စာသင်

သားသံဃာတွေလည်းပါတယ်နော်။စာအပေါ်မှာ စိတ်ဝင်စားမှုနဲရင် ကျောင်းသားတိုင်း အခက်တွေ့ ရမှာ။

စာမေးပွဲ နီးပြီ ဆိုတာနဲ့  ယတြာချေရတာနဲ့ ၊ စာရွက်သေးသေးလေးတွေ ခေါက်ရတာနဲ့ ။ ပေါ့ကတ်စာအုပ်

တွေ စုရတာနဲ့ ။ဘော့ပင်မှာ စာသေးသေးလေးတွေ ရေးရတာနဲ့  အ၀တ်မှာ စာကူးရတာနဲ့ —-စုံလို့ ။

ဒါကြောင့် စာသင်ချိန်မှာ အက်တစ်ဖြစ်ပါစေပေါ့။

စာသင်ခန်းဝင်တာနဲ့  ဒီနေရာဟာ စာနားထောင်ရမယ် လို့  သဘောပေါက်နေရမယ်။ တီတိုးတီတိုး စကား

ပြောတာတို့ ၊ စက္ကူလိပ်ပေါက်တာတို့ ဖောင်တိန်တစ်ချောင်းနဲ့  တောင်ရေးမြောက်ရေး ရေးနေတာတို့  မလုပ်

ရဘူးပေါ့။

ဆရာကို မြင်ရင် ကြိုရတယ် ဆိုလို့ - အဆင်ပြေတဲ့ ဆရာဆိုရင် ကြိုကြပါရဲ့ ၊မပြေတဲ့ ဆရာဆိုရင် သူတို့ ပေး

ထားတဲ့ နာမည်ပြောင် ပြောပြီး လစ်တာများတယ်။တစ်ချို့ က ကြိုတော့ ကြိုပါရဲ့  ဆရာကို ဆရာ အနေနဲ့ 

ကြိုတာမဟုတ်ဘူး၊ သူငယ်ချင်းလို ဆက်ဆံတယ်။ သံဃာတွေ အနေနဲ့  ဆရာ ကြိုတာကတော့ လက်အုပ်ချီ

ကြတယ်။ လမ်းဖယ်ပေးပြီး၊ လမ်းဘေးကနေ မတ်တတ်ရပ်နေတယ်။ ဟို တုံးကဆို အဲလို လူရော ဘုန်းကြိးပါ

အလေ့ကျင့်ရှိကြပါတယ်။ ခုခေတ်ကလည်း သိတဲ့ အတိုင်းလေ ဆရာ ဆိုသော်လည်း ဆရာက ကျူရှင်ဆရာ

ပိုက်ဆံ ကို နာမည်ကြိးသည့် အလိုက် ကျောင်းသားတွေ ဆီက ပိုက်တာဆိုတော့လည်း ဘယ်လို ပြောရမလဲ၊

ဟိုတုန်းက ကျူရှင်ဆိုတာ ရှိတယ်၊ ဆရာ၊ဆရာမ တွေ က သူတို့ တပည့်လေးတွေ တကယ် တတ်စေချင်တာ

နဲ့  အချိန်ပိုခေါ်တယ်။ အဲဒါကို ကျူရှင် လို့  နားလည်ခဲ့တယ်။ထားပါတော့၊ ရိုသေရမည့် အပိုင်းတော့ ရိုသေ

တာက စာလို အပစာယန ကုသိုလ်ရပါတယ်။ နံပါတ်လေးကတော့ ဆရာကန် တော့ပွဲဆိုတာ ရိုးရာ ဖြစ်နေပါ

ပြီ၊နေမကောင်း မကျန်းမာတဲ့ အခါ မေးတာမျိုး၊ သီးသန့်  ၀ါကျွတ်ကန်တော့တာမျိုး ပြုလုပ်ရမှာပေါ့။နံပါတ်ငါး

ကလည်းရှင်းပါတယ်။ကျက်မှရမယ်ဆိုရင်ကျက်၊ မှတ်မှ ရမယ်ဆိုရင်မှတ်ပေါ့။

၎။ဆရာကျင့်ဝတ် ငါးပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ဘေးရန်ဆီးကာ၊သင်ရာအပ်ဖို့ ၊ဆရာတို့  ကျင့်ဖို့ ဝတ်ငါးဖြာ။

၁။အတတ်ပညာကို ကောင်းကောင်း သင်ပေးရမည်။

၂။ဆုံးမစရာရှိတာကို ဆုံးမရမည်။

၃။ဆရာစား မချန် သင်ပေးရမည်။

၎။ဘေးရန်ဖြစ်မည့်နေရာတို့ ကို တားရမည်။

၅။သင့်တော်တဲ့ ဆရာဆီမှာ အပ်ပေးရမည်။

အတတ်ပညာ သင်ပေးတဲ့ အခါ ဆရာများက စိတ်ပါလက်ပါ သင်ပေးဖို့ လိုတယ်။တပည့်က မလိုချင်တာ တောင်မှ လိုချင်လာအောင် သေချာဂရုတစိုက် သင်ပေးပါမယ်။ စာမလိုချင်တဲ့ တပည့်ကို မလိုလည်း မင်းတို့ 

ကံပေါ့ ဆိုပြီး လုံး ပြစ်မထားသင့်ပါ။တစ်မျိုးမျိုးနဲ့  ပြောပေးနေရမယ်။ ဘယ်လို နည်းနဲ့ မရတဲ့ တပည့်ကိုသာ

လျစ်လျုရှုသင့်ပါတယ်။ဆုံးမစရာ ရှိတာ ကို ဆုံးမရမှာ ဆရာ့တာဝန်ပါ။ နာနာကျင်ကျင် အပြစ်မြင်တိုင်း ၀မ်း တွင်းမသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်စိတ်က ဆုံးမတတ်သူ ဆရာဟူလော- တဲ့။ သို့ သော် ဆရာသမား က

တွေ့ တိုင်း ပြောလာလျှင် မကြိုက်တတ်ကြ။ မကြိုက်သော်လည်း ဆရာ့တာဝန်ကား တကယ့်အကျိုးလိုလား

တဲ့ စိတ်နဲ့  ပြောလျင်၊ ကြောင်းကျိုးဆီလျော်အောင် ဆုံးမတတ်လျင်တော့ တပည့်တွေလည်း နာခံချင်မှာပါ။

သူ့ နေရာနဲ့  ပြောဖို့ တော့ လိုပါတယ်။ အပြစ်မြင်တိုင်း ပြောတာတော့ ဟုတ်တယ်၊ လူ ရှေ့ သူ့ ရှေ့  အသိုင်း

ဝိုင်းများစွာ ရှေ့  အပြောခံရတဲ့ တပည့်များ ထည့်တွက်ကား လိုသေးတယ်။ ဆရာနဲ့  တပည့် ဒါမှ မျှတမှာ ဖြစ်

တယ်။ ဆရာစား မချန် သင်ပေးရမည် ဆိုတာနဲ့  ပါတ်သတ်လို့  ဆရာတွေက ဆရာစားချန်ထားရှိပါလိမ့်မယ်။ ဒါကြောင့် ဒီစကား က ဖြစ်ပေါ်လာ တာပါ။ မြတ်စွာဘုရား ကတော့ အရှင်အာနန္ဒာကို ပြောခဲ့ဘူးတယ်။ဆရာစား ချန်ထားတာမရှိဆိုတာကို။ပါဠိလိုကတော့ နတ္ထာနန္ဒ တထာဂတဿ ဓမ္မေသု အာစရိယမုဋ္ဌိ-တဲ့။တကယ်တမ်းတွေကြီး ကိုယ်တတ်သလောက် အကုန်သင်ပေးနိုင်လေ အကျိုးရှိလေပါ။ လူတွေကတော့ လူ

တွက် တွက်တာ တစ်ချို့ ရှိမယ် ထင်ပါရဲ့ ။ ငါ အကုန်သင်ပေးလိုက်ရင် သူက သီးခြား ကျူရှင်ထောင်တာမျိုး

စတာတွေပေါ့။စိတ်ကောင်းရှိသူ၊ အသိရှိတဲ့ ဆရာတိုင်းမှာ ဒါမျိုးမရှိပါဘူး။ ဘေးဖြစ်မယ့် နေရာဒေသ ကို တား

မြစ်ရမယ်-ဆိုကတော့ ဘေးဆိုတာ- သူ့ နေရာနဲ့ သူပေါ့။အကျိုးမရှိတဲ့အလုပ်၊ သူများထိခိုက်တာမျိုး၊ကိုယ့်ထိ ခိုက်မယ့် အလုပ်မျိုးတွေပေါ့။စောင့်ရှောက်ပေးရမှာ ဆိုလိုတာပါ။ပြီးတော့ သင့်တော်ရာ ဆရာတွေ ဆီကို

ကိုယ့်တပည့်နဲ့ ဆက်သွယ်ပေးရမယ်ပေါ့။ တောကကျောင်းသားတွေကို မြို့  ကိုယ့်နဲ့ ပါတ်သက်တဲ့  မိတ်ဆွေ

ဆရာတွေဆီကို အပ်ပေးရမယ်။ ဂရုတစိုက်ရှိလာအောင်ပေါ့။ စာသင်သားသံဃာတွေ ဆိုလည်း ရွာက ဘုန်း

ကြီးက မြို့ ကျောင်းတိုက်တွေမှာ အပ်ပေးဖို့  လိုတယ်။တောရွာမှာတင် ထားလို့ ကတော့ ကိုယ့်တပည့် တိုး

တက်သင့်သလောက် မတိုးတက်ဘူးပေါ့။ လူတွေပြောတဲ့ တရားစာ၊ ဘုန်းကြီးစာ က ဘုန်းကြီးများ သံဃာ

များအတွက်သာ မဟုတ်ဘူး။ ခု ကြည့်လေ တရားနာ သူက ဂေါသိင်္ဂ ဆိုတဲ့ ကောင်လေး။ ဒါကြောင့် ခုခေတ်

လူငယ် လူရွယ်တို့  သိစေချင်တာနဲ့  နှစ်ပိုင်းခွဲပြလိုက်တာပါ။

  1. Bisher keine Kommentare
  1. Bisher keine Trackbacks