11. ဆရာတော်ဘုရားကြီး အရှင်အဂုင်္လိမာလမထေရ်မြတ်(၃)

26. Dezember 2009

Angulimala

.

မထေရ်မြတ်ရဲ့ မှတ်သားလောက်တဲ့ သင်္ခန်းစာများ

.

ဒုတိယပိုင်းမှာ ဆရာတော်ဘုရားကြီး အဂုင်္လိမာလ မထေရ်မြတ် ဆိုပြီး အထူးတလည် ရေးခဲ့ပါတယ်။ ခုတတိယ ပိုင်း လည်း သူ့ ရဲ့ ပြောစကားတွေကို ဆက်လက်ပြောချင်ပါသေးတယ်။ မမေ့နိုင်စရာ စကားတွေမို့ ပါ။ ရရှိလိုက်တဲ့ သင်္ခန်းစာများကိုရော ရေးပါ့မယ်..

.

သူရဲ့  စိတ်ဟာ လူတွေအပေါ် ဘယ်လောက်စေတနာထားသလဲကြည့်-မေ့မေ့ လျော့လျော့နေမှာ ကိုသိပ် စိုးရိမ်လို့ -မေ့လျော့ပေါ့မည့်အလုပ်ကို မလုပ်ကိုမလုပ်ကြပါနဲ့ ၊ ပျော်ပါး၊ မော်ကြွား၊ သောက်စား၊ လောင်း ကစား အလုပ်တွေကို ပျော်စရာမှတ်ပြီး လုပ်မနေလိုက်ကြပါနဲ့ ၊ မမေ့လျော့တဲ့သူဟာ ကောင်းတဲ့အလုပ် တွေမှာ စိတ်ဝင်စားပြီး အမြတ်ဆုံးချမ်းသာဖြစ်တဲ့ နှိုင်းယှဉ်စရာမရှိ ချမ်းသာကိုရပါမယ်။

ဒီစကားတွေဟာ သူကိုယ်တွေ့ ကြုံခံစားတာတွေကို ပြောနေတာ၊ ရင်ထဲကလာတဲ့ စကားတွေ

သူတော်ကောင်း များ က ကိုယ်ကောင်းသလို ကောင်းစေချင်တာကြောင့် ဒါတွေကို ထပ်ထပ်ပြောကြတာ။လောကမှာ ရှိတဲ့  လောကလူသားလိုပါဘဲ၊ စဉ်းစားနှိုင်းစာကြည့်ပေါ့လေ၊ တခါတလေ လူတွေ ကြိုက်တဲ့ သီချင်းကို ထပ်ချည်းတလဲလဲဆိုတယ်၊ ကြိုက်တဲ့ဇာတ်ကားတွေ ခဏခဏပြောတယ်၊ ကြိုက်တဲ့ ၀ါသနာအလျောက် ပြောနေကြတာပါ။ ခုလည်း ဒီလိုပါပဲ။ သူပြောပြတဲ့ စကားတွေကတော့ အများကြီးပေါ့။အခုသူပြောသလောက်ကို ဖြည့်ဆည်းကြမယ်ဆိုရင် ဆရာတော်ဘုရားကြီး အရှင်အင်္ဂုမာလ မထေရ်မြတ် ပြောရကျိုးနပ်ပြီပေါ့။

သူပြောလိုက်သမျှ စကားတို့ ဟာ မြတ်စွာဘုရား စကားထဲ ထည့်ကြည့်ရင် ၁။မကောင်းတာမလုပ်ကြဖို့ ။

၂။ကောင်းတာလုပ်ဖြစ်ဖို့ ။ ၃။စိတ်ဓာတ်ဖြူစင်ဖို့ ဦးတည်နေတဲ့ စကားတွေပါပဲ

ခုခေတ်လူတွေကို ဆရာတော်ဘုရားကြီး မြင်သွားရင် ဘယ်လိုလုပ်ပါ့။ သံဝေဂရလောက်တယ်-လို့

ထင်မိရဲ့ ။ ခုခေတ်ကြီးက ဖြစ်ချင်သလို ဖြစ်နေကြပါပီ။ တိုးတက်တယ် ပြောမလား၊ ဆုတ်ယုတ်တယ် ပြောမလား၊ ပျော်စရာတွေကပေါ၊ သောက်စရာတွေ၊ ယစ်မူးစရာတွေကပေါ -နေတဲ့ခေတ်။ ပျော်လို့ လည်း မကောင်းတာကို လုပ်ပစ်လိုက်ကြတာပဲ၊ စိတ်ညစ်တဲ့အခါလည်း မကောင်းတာကို လုပ်မိကြ။ အပျော်များ တဲ့ခေတ်။ မထိသေးသမျှ မေ့လို့  ကောင်းနေကြတာပေါ့...

အပျော်ဆိုတာ -တရားဘက်ကလည်း ကြည့်ရင် တရားတွေက ပေါပါဘိသနဲ့ ။ ရိပ်သာသွားမလား၊ အင်တာနက်ကနေ တရားစာကြည့်မလား၊ တရားနာမလား။ ပျော်ချင်တာနဲ့ ပျော်၊ ဘာနဲ့ ပျော်မလဲ ကိုယ့်ဖာသာ ရွေးချယ် ကြပေတော့။

အချိန်တို့ ဟာ ရပ်မနေခဲ့ ။ သူ့ သဘာဝအလျောက်သွားနေကြစမြဲပင်။ အချိန်ရွေ့ သမျှ နေရမယ့် အသက်အရွယ်တွေကလည်း ဆိုင်းမနေ၊ သွားနေသည်သာ။ အနှုတ်ပြတဲ့နေရာမှာ အချိန် နဲ့ အသက်အရွယ်

ဟာ အမြဲတမ်း နှုတ်နေတာပါပဲလေ။

(တိပိဋကဓရ ယောဆရာတော်-က-အချိန် အရွယ် စိတ်ရှုပ်ဖွယ်၊ ကိုယ်ဝယ်အနှုတ်

ပြ- တဲ့။ ဆရာတော့်ရဲ့  လင်္ကာအလို ပြောရရင် စိတ်ရှုပ်ထွေးစရာ အလုပ်တွေ၊ အပြောတွေ ၊ အကြံတွေ

ဟာ မိမိအတွက် အနှုတ်ပြ မည့်အရာ၊ ဘာမှတန်ဖိုးရှိ လာမှာ မဟုတ်ပါလား..)

ခု အရှင်အဂုင်္လိမာ မထေရ်မြတ်အဖို့  အချိန့် စေ့ပြီ။ သွားရပြီ။ အပြီးပိုင်သွားခြင်း။ ပြန်မလာတဲ့ သွားခြင်း ပါ။

မြတ်စွာဘုရားထက် အရင်စောကာ ပရိနိဗ္ဗာန်ပြုတော်မူတာပါ။

အဲဒီလို ပရိနိဗ္ဗာန်ပြုပြီးတာနဲ့ အခြားရဟန်းတော်များက မြတ်စွာဘုရားအား  အရှင်အဂုင်္လိမာလ မထေရ်မြတ်
ရဲ့ နောင်ဖြစ်မည့်အကြောင်းရာတွေ၊ သူ့ ရဲ့ ရက်စက်ခဲ့ပုံတွေ စတာစတာတွေကို လျှောက်ကြားကြပါတယ်။ သူတို့ တစ်တွေက သာမန် ပျံလွန်တော်မူတယ်လို သိထားကြတာကိုး။

ဒီနေရာမှာ သိထားစေချင်တယ်၊ ရဟန္တာနဲ့  ပုထုဇဉ်ရယ်လို့  သာမန် ရဟန်းတစ်ပါးက မသိ နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ အဲဒါကြောင့်လည်း မြတ်စွာဘုရားကို အဂုင်္လိမာလမထေရ် နောက်ဘ၀ဖြစ်ခဲ့ရင် ၊ အကျိုးပေးရင်တော့ မချောင်ဘူး၊ သူများရက်စက်ထားတာ မနည်ဘူးလို့  ယူဆကာ မေးကြ လျှောက်ကြတာပေါ့။ မြတ်စွာဘုရားက  ပရိနိဗ္ဗာန်ပြုသွားဖြစ်ကြောင်း ပြောလိုက်တာတောင်မှ ယုံကြည်ရ တော်တော်ခက်နေကြတယ်။ အင်းသူလုပ်ခဲ့တာတွေဟာ အကျိုးမပေးဘဲ ဒီလိုပရိနိဗ္ဗာန်ပြုနိုင်ပါသလား-တဲ့။

ဘုရားပြောတာတောင် ပြန်ပြီးမေးရဲတဲ့သတ္တိ။ ဒီနေရာသတိထားပါ ၊ မရှင်းရင် ဘယ်သူ့ ကို ဖြစ်ဖြစ် မေးသင့်တယ်နော်။ ဘုရား ကိုယ်တော်တိုင်က အများက ကာလာမသုတ် လို့  ပြောပြောနေကြတဲ့ ကေသမုတ္တိ သုတ္တန်မှာ မျက်ကန်းတစ္ဆေ ယုံကြည်သလိုမျိုး ယုံခိုင်းတာမဟုတ်ဘူး။ ဆရာပြောတိုင်း၊ ပိဋကတ်ကလာတာနဲ့ ကိုက်ညီတိုင်း- စတာတွေကို ကိုယ်တိုင် ဥဏှောက်သုံး ပြီး အကျိုးရှိ မရှိ၊ အပြစ်ရှိ မရှိ စိစစ် ခိုင်းတာတွေ ရှိပါတယ်။

မြတ်စွာဘုရားရှင်ကလည်း အင်း- ဟုတ်တယ်၊ ငါ့သားတော် အင်္ဂုလိမာလရဲ့ ဘ၀ဟာ  မိတ်ကောင်းနဲ့ မတွေ့ ခဲ့လို့  ခုလို ကြမ်းကြမ်း တမ်းတမ်းတွေဖြစ်ခဲ့ရတယ် ၊ သောင်းကြမ်းတဲ့ သူရဲ့ စိတ်ကို ထိန်းချုပ်ပေးမည့် ခုလို မိတ်ကောင်းတွေ့ သွားတော့ သူဟာတကယ့်ကို သူတော်ကောင်း အစစ်ဖြစ် သွားခဲ့တယ်။

မိတ်ကောင်းရဲ့  အဆုံးမဟာ အဆုံး-ထိ မ-သွား ပါတယ်။ စိတ်သောက ဖြစ်နေရင် သောက ပ-ပျောက်အောင် မ-နိုင်တယ်၊ ငိုနေရတဲ့သူ အငိုတိတ်အောင်၊ စိတ်ဆင်းရဲ ခြင်း စိတ်မကျေမချမ်းဖြစ်ခြင်း၊ ဆွေးမြေ့ နေခြင်းတွေ မဖြစ်အောင်၊ နောက် အဆုံး အနေနဲ့  နောက်ထပ် ဒုက္ခ ဖြစ်လာစရာ အကြောင်း မရှိသည့် အထိပေါ့ ကယ်မနိင်တယ်။ သူတော်ကောင်းများ ကိုယ့်အတွက် ဘယ်လောက်လိုသလဲ အရေးပါသလဲစဉ်းစားကာ အနီးချဉ်းကပ်ဖို့  ၀န်မလေးသင့်။ချဉ်းကပ်မိကြပါစေ..

သူဟာ တရားအလုပ်ကို တကယ်အားရပါးရ လုပ်ခဲ့တယ်။ စိတ်ဝင်တစား လုပ်ခဲ့တယ်။ ခုလုပ်ခဲ့သမျှ အကုသိုလ်တွေ ရှိခဲ့ပေမယ့် အဲဒီအကုသိုလ်ကို အရဟတ္တမဂ်ကုသိုလ်က အနိုင်ယူလိုက်ပြီ။ ထပ်အကျိုးပေးမှာ မဟုတ်တော့ဘူး၊ မိုးသားတိမ်တိုက်ကင်းစင်တဲ့ လရောင်ဟာ လောကကြီးကို လင်းသလိုမျိုး လူသားတွေအတွက် ခု လင်းပေးနိုင်ခဲ့ပြီ။ လို့  မြတ်စွာဘုရားက ရဟန်းတော်များအား ဒီလိုရှင်းပေးမှ လင်းသွားပါတော့တယ်။

စဉ်းစားစရာ ဖြစ်လာပြန်ပါတယ်။ ၀ဋ်-မှာအမြဲ ငရဲမှာ အပ..။ တဲ့

မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုကာနီးတို့ ၊ ရှင်မဟာမောဂ္ဂလ္လာန်တို့  ၀ဋ်ကျွေးတွေ ဆပ်ရတာပဲ ဆိုထားတာ မဟုတ်ပါလား၊ ဒါကြောင့်မို့ လည်း ဆရာတော်ကြီးများက -

.

ဆောင်ပုဒ်-၀ိပါက်ရောက်ရေး၊ကြောက်သွေးတုန်ဖွယ်။

ဘုရားသော်လည်း ၊ရှောင်ဖဲမလွယ်။

တွေ့ ကြုံမြဲမို့ ၊ တ၀ဲလည်လည်၊

မလွတ်သေး ၊ ၀ဋ်ကျွေး ခက်လှတယ်။

.

ဒီလိုတော့ ရှိပါတယ်။ ကံဆိုတာ ကောင်းတာလုပ်ရင် ကောင်းတာ ပြန်ဖြစ်တဲ့ သဘောကတော့ မှန်ပါတယ်။

မကောင်းတာလုပ်ရင်လည်း မကောင်းတာ ဖြစ်ရမှာ ဓမ္မတာပဲ။သို့ သော်- ဒီဘ၀ အကျိုးပေးနိုင်သည့်ကံ၊

နောက်ဘ၀အကျိုးပေးနိုင်သည့်ကံ၊ တတိယဘ၀က စ နိဗ္ဗာန်ဘ၀သည့်တိုင်အောင် အကျိုးပေးနိုင်သည့်ကံ၊

အကျိုးလုံးဝမပေးတော့တဲ့ကံ ရယ် လို့  အဘိဓမ္မာ မှာကံ ၄မျိုး ဆိုပါတယ်။

အကြင်အသီးကို စိုက်၏ ထိုအသီးကို သုံးဆောင်ရ၏။ မှန်ပါတယ်။ စိုက်တဲ့ အပင်ရဲ့  အသီးကိုသာ စားရမှာပါ

။ အချိုပင်စိုက် အချိုသီး၊ အခါးပင်စိုက် အခါသီး။ ရှင်းပါတယ်။ အပင်မပေါက်ဖြစ်သွားတဲ့ အခါလည်း ထိုအသီးကို မစားရတာလည်း ရှိပါသေးတယ်။ရွှေအကြောင်း ဖယောင်းသက်သေဆိုသလို ဒါကသက်သေပဲ။

ကုသိုလ်နဲ့ အကုသိုလ်ဆိုတာ ရေများရေနိုင်၊ မီးများမီးနိုင်သဘောပါပဲ။ သို့ သော် အကုသိုလ်ကိုတော့
ဘယ်တော့မှ မလုပ်မိအောင် သတိထားရှောင်သင့်တယ်။အကုသိုလ်ဆိုတာ စလုပ်လိုက်တာနဲ့  ပျော်သလိုလို

ခံစားရပြီး ထပ်ပြုဖြစ်လွယ်တယ်။ စိတ်ဟာ မကောင်းမှုမှာ ပျော်တတ်ကြတယ် လို့  စာမှာတွေ့ ပါတယ်။

လုံးဝဖြေဖျောက်မရနိုင်တဲ့ အကုသိုလ်ကိုတော့ စိတ်နဲ့ တောင် မကြံမိစေပါနဲ့ ။ ပဉ္စာနန္တရိက အကုသိုလ်ကံပါ။ သေချာပေါက် ငရဲ ရောက်မည့် ကံလို့  ပြောရပါမယ် အမေသတ်၊ အဖေသတ်၊ ရဟန္တာသတ်၊ သံဃာကွဲပြား အောင် လုပ်တာမျိုး၊ ဘုရားသွေးစိမ်း တည် အောင် လုပ်တာတွေ ဖြစ်ပါတယ်။

ကုသိုလ်ကို စ-လုပ်ဖြစ်အောင်လုပ်ပါ။ စိတ်ပျော်လာတဲ့ အထိ ရွက်ဆောင်ပါ။ အပျော်ချင်း လုံးဝ မတူပါဘူး။ဒါမှသာ သာသနာပြုဆရာတော် အရှင်အင်္ဂုလိမာလ   ပြောခဲ့တဲ့ ရွှေစကားတွေဟာ ရွှေရယ်လို့  သိသူတွေ ဖြစ်လာမှာပါ။ ပြီးတော့ လူဆိုးဗိုလ် အင်္ဂုလိမာလ မှ သည် သာသနာပြု ဆရာတော်ဘုရားကြီးရယ် လို့ ရိုသေရကောင်းမှန်း သိလာမယ်။ကျေးဇူးရှင် အဖြစ်မြင်လာမယ်။

စာဖတ်မိတ်ဆွေများ သတိချပ်ကာ သိလိုက်စမ်းပါ။ နားလည်လိုက်စမ်းပါ။

ခုပရိနိဗ္ဗာန်စံပြီးသွားပြီ၊ ရဟန္တာမို လို့  ဒီအသုံးသုံးရတာပါ။ ဒီအသုံးနှုန်းကလည်း ဘုရား ရဟန္တာများကိုသာ သုံးနိုင်ပါတယ်။ သာမန်ဆိုရင်တော့ သေတာပေါ့နော။ နှစ်ပေါင်း ၂၅၀၀ ကျော်က သူသေတယ်လို့  ပြောပေမယ့် ခုထက်ထိ သူ့ နာမည် ရှင်သန် နေဆဲပါ။ လူသေပေမယ့် နာမည် မသေဘူး ပေါ့။ မြတ်စွာဘုရား အဆုံးမကလည်း မေ့လျော့သူဟာ မသေ ဘူးတဲ့။ မေ့လျော့ပြီး နေသူများသာ အသက်ရှင်ပေမယ့် သေနေကြတာတဲ့။ ရှင်းအောင် ပြောရရင် မကောင်းတာ လုပ်နေချိန်ဟာ လူသေပဲ။ ကောင်းတာလုပ်နေတဲ့ အချိန်ဟာ ရှင်သန်သူ လို့  မှတ်လိုက်ပါတော့။ ကောင်းတာလုပ်ဖို့  မမေ့နဲ့ ပေါ့။ ဘ၀က တိုတိုလေးရယ်ပါ။

ဒီလိုဆိုတော့ အမြဲတမ်းရှင်သန်နေတဲ့ ဆရာတော်ဘုရားကြီး အဂုင်္လိမာလ မထေရ် မြတ် ပမာ ကြိုးစား စေချင်တဲ့ ဆန္ဒ၊ ပြီးတော့ အကောင်းအဆိုး တွေ ရောထွေးနေတတ်တဲ့ လူ့ များမှာ အဆိုး ကိုသာ အပြစ်မတင်နေစေကြဖို့ နဲ့  အကောင်းဘက်က ကြည့်တတ်စေဖို့  ရည်ရွယ်ကာ-

အမြဲရှင်သန်နေတဲ့ ဆရာတော်ဘုရားကြီးရဲ့  ဂုဏ်ကို ရည်မှန်းကာ ပူဇော်ရေးသားလိုက်ပါတော့တယ်။

.

ကျမ်းကိုး- ဓမ္မပဒ အဋ္ဌကထာ
ဒေါက်တာကေသရီဓမ္မာနန္ဒ ၊ဓမ္မပဒ

ထေရ အဋ္ဌကထာ

သံယုတ်ပါဠိတော် နှင့် ဆရာတော်များရဲ့  သြ၀ါဒ

မှတ်ချက်။  ။ကျမ်းကို တို့ ကို အခြေခံ၍ ခေတ်နှင့်လျော်ညီအောင် ဘာသာပြန်ခြင်း မိမိ အမြင်များကို ထည့်သွင်းခြင်းဖြင့်ရေးသားထားပါသည်။

စာဖတ်သူများ မိမိရဲ့ စိတ်ကြိုက်တွေးနိုင်ပါစေ။

.

အရှင်တေဇောဘာသ

သုဒ္ဓံ အတ္တာနံ ပရိဟရန္တု

စိတ်ဓာတ်များ ၀င်းလက်နိုင်ပါစေ။

Kommentare sind geschlossen