8. တာဝန် ၀တ္တရားမှသည် နိဗ္ဗာန်ဆီသို့ … အပိုင်း(၂)
.
ဆောင်ပါး တစ်ပုဒ် ဖြစ်ဖို့ ကလည်း မလွယ် ပါ့လား၊ အချိန် ပေးရတယ်၊ ရေးဖို့ အကြောင်း အရာတွေ ပြည့်စုံ နေပေမယ့် ဆောင်ပါးကို ပြင်ဆင်တာတွေ၊ လှပအောင်ဖန်တီးတာတွေက ရှိသေး။ ဆိုးတာက ဒီဘလော့မှာ
ကိုယ်က မကျွမ်းကျင် တဲ့ အပြင် ဘလော့ တင်ပုံတင်နည်းကလည်း ဂျာမန်လို ရေးထားတော့ ပိုးဆိုး တာပေါ့လေ။ စာရေးတာက စိတ်ထဲရှိတာ ချရေးလိုက်တာ၊ သိပ်မဆန်းလှ။ ကိုယ့်ရဲ့  အသိ သူများထံ ရောက်စေ ချင်တယ်လေ။ သိပြီးသား သူတွေ အတွက် မထူးဆန်းပေမယ့် မသိသေးသူ ဖတ်မိသွားရင် ၊ သို့ မဟုတ် သိသော်လည်းေ၀၀ါး မှုတွေ ရှိနေရင် ဒီဆောင်ပါးကို ဖတ်လိုက်တာနဲ့  အော်….. ဒီလိုကိုး ဆိုတာလောက် သိသွားမယ် ဆိုရင်တောင် စာရေးရတာ ကျေနပ်မိပါတယ်။ အရင် တစ်ပတ်က ဆောင်ပါးကို
ဘဲ ဆက်သွားပါဦးမယ်။ ဒီမှာ သင်တာကလည်း ဂျူတီ တွေကို ပြီးအောင် သင်လိုက်တယ်။ ဒီတစ်ပါတ် -
၅။လင့်ကျင့်ဝတ်(၅)ပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။
လင့်-ဆိုတာ လင်၏ သို့ မဟုတ် လင်ရဲ့  တာဝန်ပေါ့။ ဟိုတုန်းက လင်ယောက်ျားကို လင် လို့ ပဲ သုံးပါတယ်။
(ဒါလင်)ကနေပြီး (ဒါ) ဖြုတ် လိုက်ပီးတော့ (လင်)-လို့  ခေါ်ခဲ့ လေ သလား မသိဘူး။ခု ခေတ်တော့ အဖေကြီးရေ တဲ့။ အဟိ။ ဘာကြီးမှန်းမသိ။ ဘုန်းကြီးနားနဲ့  နားထောင်ကြည့်။ ကဲ ထားပါတော့ လေ… ခု
အိမ်ထောင်ဦးစီး လို့ ပဲ ပြောပြော၊ အဖေကြီးလို့ ဘဲ ဆိုဆို၊ အကိုကြီး လို့ ခေါ်ခေါ် လင်ယောကျာ်းကျင့်ဝတ်
ဆိုတာ သိရင်ပြီးတာပါပဲ။
၁။ကိုယ်ရဲ့ ကြင်ယာသက်ထား အပေါ် အထင်သေး အမြင်သေး မရှိရဘူး၊
၂။ကိုယ်ရလာတဲ့ လခ ရိက္ခာကို လွှဲအပ်ရမယ်။
၃။ ကိုယ့်ဇနီး၊ကိုယ့်မယားက လွဲလို့  အခြားအမျိုးသမီးနဲ့ မဖေါက်ပြန်ရဘူး။
၎။ကိုယ့်မိန်းမ အလှ အတွက် တန်ဆာဆင်ပေးရမယ်၊ ဖန်တီးပေးရမယ်။
၅။မြတ်မြတ်နိုးနိုး ရှိရမယ်။
၁။ အထင်သေး အမြင်သေးတာကို လူတိုင်း သဘောမကျ၊ မြှောက်တာကို လူတိုင်းနီးပါး သဘောကျ တတ်တယ်။ ဒါလေးကို သိထားရင် အထင်သေးတဲ့ မျက်လုံး များနဲ့  မကြည့်မိဖို့ လိုတယ်။ ပြီးတော့ ပါးစပ်က
လည်း အထင်သေးတဲ့ စကားမျိုး မထွက်မိ စေနဲ့ ပေါ့။
၂။ကိုယ်ရလာတဲ့ လခ ကို အကုန်အပ်ရမည့် သဘောလား။ ဆောင်ပုဒ်ကို ကြည့်တော့ အပ်နှင်းဥစ္စာ- ဆိုလို့ ။
္ကဣဿရိယဝေါဿဂ္ဂေန- တဲ့။ ဣဿရိယ - အစိုးရ၊ ဝေါဿဂ္ဂ - စွန့် လွတ်ခြင်း လို့  အဓိပ္ပါယ်ရတယ် ။
မိန်းမ လုပ်သင့်တဲ့ ကိစ္စ တွေကို လုပ်ပိုင်ခွင့် ပေးရမယ် ဆိုရင် ပိုသင့်တော်မယ် ထင်ပါတယ်။ လခကိုလည်း ပေးအပ်ရမှာပေါ့။ သို့ သော် လခ သာ အကုန် အပ်ကြည့်ပါ့လား။ ကိုယ်လိုချင်ရင် ဘယ်လို လုပ်မလဲ။ သို့ မဟုတ် တစ်ခုခု မိန်းမဘက်က ချွတ်ချော် သွားရင်ကော…….။ စသည်စသည်ပေါ့လေ။ လက်တွေ့ ကျကျ အိမ်ထောင်ရှင်တို့ အသိဆုံးပေါ့နော်။
၃။ ဒီ ၃ အချက်က လည်း အတော် သတိထားဖို့  လိုပါတယ်။ မိန်းမတွေ ဒါကိုတော့ အလေးနက် ရှိစေချင် တာပေါ့နော်။ ကြားဘူးရဲ့ ၊ မုန့် ကိုသာ ဝေစားမယ်။ မျှ စားမယ်- တဲ့။ အဟဲ။ ဒီလောက်ပြောရင် သဘောပေါက်
ပါပြီ။ မိန်းမဆိုတာ အူတို တယ်တဲ့။ အူက ဒီနေရာမှာမှ ပိုလို့ တောင် တိုသွားတယ်နဲ့  တူတယ်။ ပိုက်ဆံရှိရင် ယောကျာ်းများကလည်း ဖေါက်ပြားတတ်သကိုး။ ( အသိလွတ်သော ယောကျာ်းများ၊ ကိုယ်ကျင့် ပျက်ပြားသော ယောကျာ်းများ ကို ရည်ရွယ်တာပါ )။
၎။ မိန်းမကို အလှအတွက် တန်ဆာ ဆင်ပေးရမယ်တဲ့။ အင်း… မိန်းမဆိုတာ ယောကျာ်းထက် ပိုလှချင်တဲ့ အမျိုး။ စဉ်းစားပေါ့… ယောက်ျားတွေ ကိုယ့်မိန်းမ အလှဆင် ပေးသင့် မပေးသင့် ရှင်းနေတာပဲ။ မိန်းမ သူ့ ဖာသာ အလှပြင်ရင်လည်း တားသင့် မတားသင့်။ ကြားဖူးတာ ပြောရရင် တစ်ခါက ဘုန်းကြီး တစ်ပါး က တရာဟောတဲ့ အထဲမှာ ထည့်ပြောသတဲ့။ ပုံပြင် ဒီလိုပါ…. ဒကာမတစ်ယောက်က အလှ ပြင်နေပါတယ်။ ယောကျာ်းက သူ့ မိန်းမ ကြည့်ပြီး မရိုးမရွ ဖြစ်ကာ ဘာလို့  ဒီလောက်တောင် အလှ ပြင်နေရသလဲ ပေါ့။ ပွစိပွစိ ပြောပြောဆိုဆိုနဲ့ ။ မိန်းမ ကလည်း ဒီလောက်တောင် မသိတတ်တာ ဆိုကာ - ငါ ပြင်တာ နင့်ဖို့  နင့်ဖို့ —တဲ့။ အဟဲ… ဒီကျင့်ဝတ်ကို လည်း ဖြည့်ဖြစ်အောင် ဖြည့်လိုက်နော။ (ဒီလိုသိသွားရင်)……
၅။မြတ်မြတ် နိုးနိုး ရှိရမယ်တဲ့။ ဒါလည်း အရေးကြီးတယ်။ မြတ်နိုးလို့  ၂ယောက်အတူ တွဲလျှောက်ဖို့  ဆုံးဖြတ်ခဲ့တာ။ သမီးရည်းစား ဘ၀က စကားလို ဖြစ်သင့်တာပေါ့။ မြတ်နိုးမှုဆိုတာ အပြောအဆို အနေထိုင်
အစစ အရာရာပေါ့။ မြတ်နိုးသင့်ပါတယ်။ ကိုယ်က ကိုယ့်ရဲ့ မိန်းမ ကို မြတ်နိုးမှု ပေါ်လွင်နေမယ် ဆိုရင် မိန်းမ
ကလည်း ဒါလင်က အဖေကြီး ငါ့ သိပ်မြတ်နိုးတာပဲ ဆိုပြီး ကိုယ့်လက်ကိုယ်တောင် သူဆေးပေးတဲ့ အထိ ဖြစ်လာနိုင်တယ်။ I Love You. ဆိုတဲ့ စကားကို မညားခင်က တစ်နေ့  အခွန်းပေါင်း မည်မျှ များလိုက်ပါလဲ..
ခု အဲဒီ စကား က ဘယ်လောက် ရှားသွားသလဲ။ ညားတဲ့ ဒီစကား ရေရေလည်လည် သုံးနိုင်လို့  အချင်းချင်း
ပေါင်းဖတ်တာကိုလည်း မမေ့သင့်။ အနောက်နိုင်ငံက အကြင်လင်မယား ဖြစ်သော်လည်း တစ်နေ့  အနည်းဆုံး I Love You. ကို သုံးခါလောက်တော့ ပြောကြတယ် ဆိုဘဲ။ ဟိဟိ… မြန်မာတွေ အရှက် တယ်ကြီးကိုး….။ ရှက်စရာလေလား…. အဲလို ပြောလိုက်ရင် နားကြားပြင်း ကပ်သလိုလိုနဲ့ စိတ်ထဲမှာ heart ထိပါတယ်။ မြတ်နိုးပြတဲ့ နေရာမှာ မြန်မာက ကိုယ့်သားသမီး ကလေးငယ်ငယ်တောင် ချစ်ရင်အိပ်တုံးနမ်း….။ စည်းမျဉ်းဥပဒေ လိုလို ဘုရားဟောလိုလို…။ အနောက်နိုင်ငံ မြတ်နိုးမှုပြတာက တော့ ရှင်းတယ်… လမ်းမှာလည်း မရှောင် မြတ်နိုးမှု ပြလိုက်တာပဲ…။ အင်း… ကိုယ့်ရှေ့ တည့်တည့် ဆိုတော့လည်း မြတ်နိုးမှု မြင်ရသကိုး…။ ဒီလောက်ဆို သဘော ပေါက်လောက် ပါပြီ။
မယားကျင့်ဝတ်(၅)ပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့် ချီ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊
အိမ်သူ ကျင့်အပ်စွာ။
၁။အိမ်တွင်း ကိစ္စ အ၀၀ ကို လုပ်ဆောင်တတ်ရမယ်။စီမံတတ်ရမယ်။
၂။ သိမ်းဆည်းတတ်ရမယ်။
၃။ကိုယ်ခင်ပွန်း မှ လွဲလို့  တစ်ခြားယောက်ျားများနဲ့ မဖေါက်ပြန်ရဘူး။
၎။ ခွဲဝေပေးမှု မျှတရမယ်။
၅။အလုပ် ကိစ္စ ဟူသမျှကို မပျင်းရဘူး။
၁။ အိမ်တွင်း ကိစ္စအ၀၀ ဆောင်ရွက်တတ်ဖို့  စီမံ တတ်ဖို့  အရေးကြီးတယ်။
ပါဠိမှာလာတာကတော့ အလံ ကာတုံ အလံ သံဝိဓာတုံ၊ အင်္ဂုတ္တရနိကာယ် ။အဓိက အပြောများတာကတော့
မီးဖိုချောင်ကိစ္စတဲ့။ ထွက်ပေါက်များလို့  ဆိုဘဲ။ သို့ ပေမယ့် အစစ အရာရာ ပါပဲ၊ သတိထား နားလည် စီမံတတ်ရမှာ။ အသေး အမွှား ကိစ္စလေးများကို ယောကျာ်းတွေက စိတ်ဝင်စားလေ့ မရှိကြတာကို သဘောပေါက်ပေါ့။ မိန်းမတို့  တာဝန်ဟာ အလုပ်မပန်း ဟု ထင်ရပေမယ့် ကိစ္စက အိမ်အလုပ်က ဒရစပ် လုပ်
နေရပါတယ် ဆိုပါကော။ သား သမီး ငယ်များ ရှိနေသေးရင် ပိုပြီး အလုပ်က မသေး။ ဒါလည်း မိန်းမတို့  က ပိုစိတ်ရှည် ကြရတယ်။ ဒါကြောင့် ကောင်းကောင်း စီမံတတ်အောင်လည်း လေ့ကျင့်ပေးရမယ်။ နို့ မို့ ရင် လူပို
ခေါ်ရမယ်။ ငွေ ပိုကုန်မယ်ပေါ့။ လက်တွေ့ လူတွေက ပိုသိပါလိမ့်မယ်။ အိမ်တွင်းမှု ကိစ္စထဲမှာ စာမှာတော့ သိုးမွေးထိုးတာ ယက္ကန်း ယက်တာမျိုးလည်း ထည့်သွင်းထားတယ်။ ဒါက တော့ အကြမ်းဖျဉ်းပေါ့။
၂။သိမ်းဆည်းတတ်ဖို့ လည်း လိုတယ်။ ရသမျှ ရသလောက်သုံးပစ်လိုက်ရင်။ ရှေ့ ယောကျာ်းက ဖားကောက်
နောက်မိန်းမ က အိပ်ပေါက်- နဲ့ ခံယူသလို ဖြစ်မယ်။ တကယ် အရေးကြုံ လာရင်၊ ဘာသာရေး လူမှုရေး
အရေးမှန်းသမျှ သုံးနိုင်ဖို့ အတွက် ထည့်စဉ်းထားရမယ်။ စုတတ် ဆောင်းတတ်ရမယ်။ဒါပေမယ့် စာမှာက မခိုးဝှက်ရဘူး ဆိုတာပါသေးတယ်၊ ဒီလိုဆိုတော့ သိမ်းဆည်းတယ် ဆိုပေမယ့် ယောက်ျားတော့ အသိပေးရမယ် ဆိုတဲ့ သဘော လို့  ယူဆရလေမလား။ ဒါမှ အဆင်ပြေမယ် ထင်တယ်။ ဒါကတော့ အဆင်ပြေမှု ကို ဦးတည်ပြီး လှုပ်ရှားကြပေါ့။
၃။ဇနီးဖြစ်သူကလည်း ကိုယ့်အိမ်သား ကလွဲလို့  အခြားယောကျာ်းနဲ့ မဖေါက်ပြန်ရဘူး။ ဒါလည်း ဖြစ်တတ်တဲ့
သဘာဝ နဲ့  ကြားနေရသတင်းတွေက ယောကျာ်းတွေ အတွက် ရင်နာစရာ။ ယောက်ျား က တော့ ကုန်းရုန်း
ရှာ၊ မြန်မာပြည်အတွင်း နယ်ဝေးသွားသူက သွား၊ မြန်မာပြည်အတွင်း အဆင်မပြေလို့  နိုင်ငံခြား လှုပ်ရှားသူက လှုပ်ရှား လုပ်ကိုင်နေတုန်း နောက်က မိန်းမ က ပို့ တဲ့ ပိုက်ဆံတွေ ဖြုန်းပြီး အမြှောင်ယောကျာ်း
ထားတာမျိုးလည်း ရှိတာ ကြားဘူးတယ်။ (မိန်းမကောင်း မိန်းမမြတ်တို့ ကို မဆိုလို)။ မယုံရင် စပ်မိစပ်ရာ မေးနိုင်ပါတယ်။ တကယ့် ဖြစ်ရပ်တွေ…။ အဲဒါ သိလို့ မိန်းမရော နောက်အပို ယောကျာ်းကိုပါ သတ်ပစ်လိုက်တဲ့ ဇာတ်လမ်းတွေ ပုံပြင်မဟုတ်။ တကယ်ချစ်ရင် ဒီအကျင့်မျိုး ရှောင်ပါ။ ယောကျာ်းနဲ့ ခွဲ အလုပ်လုပ်တဲ့ အခါ အမျိုးသမီးငယ်များ ကိုယ့်မိဘ ထံဖြစ်ဖြစ်၊ ယောက္ခမ ထံမှာ ဖြစ်ဖြစ် အနီးကပ်နေသင့်ပါတယ်။ အလိုလို စောင့်ထိန်းပြီး ဖြစ်ပါလိမ့်မယ်။
၎။။ခွဲဝေပေးမှု မျှတရမယ်.. တဲ့။ ကိုယ့်မှာ ယောက်ျားမိဘ ဆွေမျိုး၊ မိန်းမ မိဘဆွေမျိုး ၂ ဘက် မျှမျှတတ ကြည့်သင့်ပါတယ်။ ဒါလည်း ပရော်ဘလမ် ဘဲ။ ကိုယ်က ပြန်လည် ပြုစု ကျေးဇူးဆပ်တဲ့ အခါ တစ်ချို့ အသိုင်း
ဝိုင်းက တွက်ကပ်လာပါတယ်။ သူ့ မိဘတွေချည်း ပို့ ပေးနေတယ်။ ငါ တို့ ကိုတော့ ပေးပါဘူး။ မိဘတိုင်းက ကိုယ့်သားသမီး ဆီက ပစ္စည်းပစ္စယ နည်းနည်း လည်း ပေးသော်လည်း ကျေနပ်ကျပါတယ်။ သို့ သော် ကျန်တဲ့ ညီ အကို မောင်နှမ တို့ မှာတော့ အတို့  အထောင် လုပ်ကြတယ်။ အမေ့သား သူ့ မယားနဲ့  သူ့ မယားအမျိုး တွေ လုပ်ကျွေးနေတာမျိုး၊ ယောကျာ်းဘက်ကို ပေးတာများရင် မိန်းမဘက်က အသိုင်းဝိုင်းက
ဒီလိုပဲ ညီအကို မောင်နှမ တွေက ကိုယ့်သမီး က ဘာညာ ဘာညာ ပဲပေါ့။ ဒါသဘာဝ ကို ဖြစ်နေတာ…
မြန်မာ သဘာဝ လို့ ပဲ ပြောရလေမလား….။ ကိုယ့်ပစ္စည်း ယောကျာ်းနဲ့ မိန်းမ သဘောတူရင် ကျေနပ်ရင် ပြီးသွားတာပဲ။ ဘာပဲ ဖြစ်ဖြစ် မိန်းမဖြစ်သူကတော့ အကင်းပါးဖို့  လိုတယ်ပေါ့။ (အဖြစ်များတာ ကို တင်ပြလိုက်တာပါ။) စာမှာက ကိုယ့်အိမ်မှာ အလုပ်သမား ရှိနေရင်လည်း သင့်တော်သလို ပေးကမ်းတတ်ရမယ်။ နေမကောင်းတဲ့ အခါ ဆေးဝါး ပေးတာမျိုးက အစ မိန်းမ တို့ က ဂရုတစိုက် ရှိရပါမယ်။စားဖွယ်သောက်ဖွယ်ပေးတာက မျိုး ၊အပိုငွေကြေးက စလို့ ပေါ့။( အင်္ဂုတ္တရနိကာယ်)
၅။အလုပ်ကိစ္စ ဟူသမျှကို မပျင်းရဘူး- တဲ့။ ဟုတ်ပါတယ်။ အလုပ်ကိစ္စ တင်တောင် မဟုတ်ဘူး။ အမြဲတမ်း ကိုယ့်ခင်ပွန်း အရင် ထရမယ်၊ ကိုယ့်ခင်ပွန်း နောက်မှ အိပ်ရမယ် စတာ စတာတွေ ရောပေါ့။
ဇနီးသည် မယား အကြောင်းနဲ့  ပါတ်သက်လို့ - မယား အမျိုး (၇) မျိုးတဲ့ ။ စပ်မိလို့  အကျဉ်းတော့ ပြောလိုက်အုံးမယ်။ ၁။ လူသတ်သမားလို မယား၊ (၂)သူခိုးကျင့်သူခိုးကြံ ကြံတဲ့ မယား (၃) ဆရာကြီးလိုဆက်ဆံတဲ့ မယား (အပါယ်လားမည့် မယား ၃မျိုးတဲ့။)
(၄)အမေ့စိတ်မျိုး အကျိုးကို လိုးလားတဲ့ မယား (၅)နှမငယ် တစ်ယောက်လို လေးစားတတ်တဲ့မယား (၆)မိတ်ဆွေတစ်ယောက်လို အမြဲတမ်း ၀မ်းမြောက်တဲ့ မယား (၇) ကျွန်တစ်ယောက်လို နာကျင်မှု မရှိ အပြည့်ဝ သည်းခံတတ်တဲ့ မယား (နိမ္မာနရတိ နတ်ပြည် သွားမည့် မယား)
(အင်္ဂုတ္တရနိကာယ် နှင့် ဇာတက အဋ္ဌကထာများပါသည်။)
