9. အဂုၤလိ မာလ- တဲ့ ေဟ့
.
အဂုၤလိ မာလ- တဲ့ ဟေ့
.
ဒီစကားကို ပြောခဲ့တာက လူအများက လူမိုက်ကြီးလို့  သိနေတဲ့သူပါ။ ကဲကြည့်လေ လူတွေက
သူ့ ကို သီချင်းထဲမှာတောင် သူ့ ကောင်းကြောင်း မပါဘူး၊ ဘုရားက သူ့ လောက် ဆိုးတဲ့သူကို မေတ္တာဓာတ်နဲ့ 
အောင်ခဲ့တာကိုပဲ ဆိုထားတာ။ ရှေးခေတ်လူတွေ၊ ရွာတွေမှာတော့ ဘုရားပွဲတွေမှာ ဖွင့်နေကြသီချင်း၊ ခုခေတ်
.
လူငယ်တွေသိရအောင်လူငယ်တွေသိရအောင်အဲဒီစာသားလေးဖေါ်ပြပေးလိုက်မယ်။
(ရှေးသရောခါ သာဝတ္ထိပြည်ဌာနမှာ…လူဆိုးဗိုလ် အင်္ဂုလိမာလ ပါ…သန်လျက်ဓားကို သူ့ လက်ဖျားက
မချပါ…၊ ၂ခေါက်ကျော့)၊ဓားပြကြီးလုပ်၍ ဆိုးယုတ်ပုံမှာ လက်ညိုးတွေ ခုတ်လို့ သာ…ထိုအခါ ဘုရားကြွလို့ 
မမှားရဖို့  တရားပြတော်မူရှာ၊ မေတ္တာဓာတ်နဲ့  ဗုဒ္ဓမြတ်စွာ…ဆောင်နှင်းခဲ့ အောင်ခြင်း စတုတ္ထပါ။
စာသားကြည့်တာနဲ့  လူဆိုးလို့  အများက သတ်မှတ်ကြပါပီ။ စာသားရေးပေးတာက ပထမကျော် လယ်တီကောဝိဒ၊ သီချင်းသဏ္ဍန်ဖန်တီးတာက သဟာယ ဆရာတင်၊ အဆို-မေရှင်။ နောက်တော့ မာမာအေး -ပေါ့လေ။ အဓိက ဒီနေရာ ပြောချင်တာက သီချင်းစာရေးဆရာအနေနဲ့ ဘုရားရဲ့  အပြင်အောင်ခြင်း(၈) ပါးကို ဖေါ်ကျူးတာမိုလို့ အင်္ဂုလိမာလ ကောင်းကွက်မပါခဲ့။တစ်ဖက်ကစဉ်းစားမယ်ဆိုရင်တော့ ဘုရားက အောင်တော်မူတာ ကြည့်မယ်ဆိုရင် အင်္ဂုလိမာလ လူလိမ်မာဖြစ်သွားတယ်လို့  သိလို့ ရနိုင်ပါတယ်။ သီချင်း နားထောင်ပြီး စဉ်းစားမိသူ နဲမယ် လို့ ထင်မိရဲ့ ။ ကဲ မစဉ်းစားနေပါနဲ့ တော့ ပင်ပန်းပါတယ်၊ ဒီစာအကြောင်းရာလေးသာ ပြီးအောင်ဖတ်လိုက်ဦးနော်….။သိသွားပါလိမ့်မယ်။
ဟုတ်တယ်၊လူဆိုးလို့  ထင်လောက်စရာလည်းရှိတယ်၊ လူရွှင်တော်ပျက်လုံးထုတ်တော့လည်း
ငါဟဲ့- အင်္ဂုလိမာလ-တဲ့…(လန့်စရာ).ဟာသရုပ်ပေါက်အောင်လုပ်ပြီး ပျက်ကြသေးတယ်။ ဘယ်မလဲသူ့ ကို
ကောင်းကွက်မြင်ဖို့  ။ ပြောမယ်ဆိုရင်လည်း ပြောစရာပေါ့။ အင်္ဂုလိမာလ- ဆိုတဲ့သူကလည်း မွေးတဲ့နေ့ ကကို
ရှင်ဘုရင်တောင် ပျာပျာသလဲဖြစ်ခဲ့ရတယ်၊ ဘာလို့ လဲဆိုတော့ တစ်မြို့ လုံးမှာရှိတဲ့ လက်နက်ပေါင်းစုံကလည်း တလက်လက် အရောင်တွေထွက်။ ရှင်ဘုရင်ရဲ့  သလွန်တော်ပေါ် မှာထားတဲ့ သံလျှက်တောင် အရောင်ထွက်ပါသတဲ့။ ရှင်ဘုရင်က-ကောသလ-လေ။ အ-တဲ့နေရာ နှစ်ယောက်မရှိသလို ကြောက်တဲ့နေရာမှာလည်း နှစ်ယောက်မရှိဘူး။ အိပ်တောင်မရခဲ့ဘူး။ ဘာဖြစ်တယ်ဆိုတာကို သိချင်စောနဲ့  ပုရောဟိတ် ပညာရှိကိုမေးတယ်။ ဒီနေ့ မွေးတဲ့ကလေးက ကျနော်မျိုးအိမ်က ကျနော်မျိုးရဲ့ သား၊သူကြီးလာရင် တကယ်ကြမ်းမယ်၊ ရမ်းမယ်- လို့  သံတော်ဦးတင်လိုက်ပါတယ်။ ဟေ- ဒီလိုဆို အုပ်စုလိုက်ကြမ်းမှာလားတစ်ယောက်ထည်းကြမ်းမှာလား-ပေါ့၊ တစ်ယောက်တည်း ကြမ်းမယ့်ကောင်းလေး၊ပုရောဟိတ် မျက်နှာလုပ်ပုံကအဲကောင်လေးကို သတ်လိုက်ရမှာ လားတဲ့။ အဲဒါ သူ့ သားအရင်းနော်။ဘုရင်ကတစ်ယောက်တည်းကြမ်းရင်နေပါစေ။သူကိုကြီးတဲ့အထိထားကြည့်လိုက်အုံး-တဲ့။ကဲ-အဲဒီကတည်းက ရှင်ဘုရင်ရဲ့ပျာ်ပါးနေတဲ့စိတ်ကို သတ်သလို ဖြစ်လို့  ဟိံသက-လို့ နာမည်ခေါ်ကြမယ်ပေါ့။ ရုပ်ဆိုးတဲ့သူကို ရုပ်ဆိုးလို့  ပေးသလိုမျိုးပေါ့။ ဒါပေမယ့် ဒီနာမည်ဟာ ခုခေတ်လိုပြောရင် နံစီးတယ်ဆိုပြီး ပညတ်သွားရာဓာတ်သက်ပါတယ်ဆိုကာမသိချင်ယောင်ဆောင်ပြီး အဟိသက-တဲ့ ။ ရုပ်ဆိုးသူကို မရုပ်ဆိုးလို့ မောင်ရုပ်ဆိုးလို့ နာမည်မပေးတော့ဘဲ မလှ၊မောင်လှပေးသလိုပေါ့။ (ဟိံသက- ညှဉ်းဆဲသူ၊ အဟိံသက- မညှဉ်းဆဲသူ)လို့မှတ်ပါ။
သူဟာ တကယ်တော်သူပါ။စိတ်ဓာတ်က အကောင်းဆုံးစိတ်တွေ သူ့ မှာ အောင်းလျက်ပါခဲ့တာပါ။ ဗုဒ္ဓသုည ဘုရားမပွင့်တဲ့ကာလတောင်မှ ပစ္စေကဗုဒ္ဓါကို သင်္ကန်း မိုးစိုနေလို့ မီးဖိုပြိး သင်္ကန်းကို မြန်မြန်ဆန်ဆန်ခြောက်အောင် ကာယဒါန လုပ်ခဲ့ဘူးတယ်လေ။ ခု ဘုရားရှင်လက်ထက်ကိုလည်း ကြည့်ပါဦး- သူ အရွယ်ရောက်လို့ ပညာသင်တယ်၊စာလည်းတော် ဆရာ့ဝေယျာဝစ္စလည်းပြုစုလို့  ဆရာနဲ့ ဆရာကတော်တို့ ရဲ့  ဦးစားပေးမှုကရှိခဲ့တာပေါ့။ ဆရာ့အချစ်တော် ဆိုတာ ကောင်းတာရှိသလို မကောင်းတာတွေလည်း ရှိပါလိမ့်မယ်။ ခု သူဦးစားပေးခံ ရမှုကြောင့် သူ့ ရဲ့  ဘော်ဒါများက မနာလိုမှုတွေနဲ့ အတူ မဟုတ်ကို အဟုတ်လုပ်ဇာတ်ခင်း ဆရာ့ရဲ့ နား ရိုက်သွင်းပါလေရော၊ ဆရာက တစ်ကြိမ်လောက်ဆို ဘာမှမဖြစ် ၊ ပြောဖန်များလာတော့ မယားထိ ဓားမကြည့်ကွ-လို့  ရိုင်းရိုင်းပြောရလေမလား၊ ပြောဖန်များလို့ နားယောင်သွားတာလား။တကယ်အထင်လွဲပါတော့တယ်။ လောကမှာ ဒီလို အကြောင်းကိုရာတွေကို သိထားမှ၊ ကိုယ့်ထက်သာ မနာလိုစိတ်က ဖြစ်လေ့ ဖြစ်ထရှိတယ်လေ။ အထင်မလွဲခင် သေချာကို ဖြေရှင်းနိုင်မှလေ။ နို့ မို့ရင် မဖြစ်သင့်တာတွေ ဖြစ်တာပေါ့။ ဆရာ ဆိုတော့တပည့်တွေရဲ့ အကြောင်းသိတယ် ဆိုပေမယ့် ဆရာလည်း လွဲတာရှိတယ်နော်။ဆရာကတော့ သူနားလည်ထားတာကဒီကောင်လေးကသာမန်နဲ့ သတ်ဖို့ မလွယ်ဘူးဆိုတာသိတယ်။ သူက အားကောင်းမောင်းသန်ဆိုတာ ဆရာသိတယ်။
မဟုတ်မက ပညာနဲ့  သတ်မှပဲဆိုပြီး-ဆရာက တပည့်ကိုအသာယာခေါ်ပြီး သူ့ ကို ပညာသင်ပေးတာ ဆုံးခန်း တိုင်ပြီ၊ school fee ပေးဖို့ တောင်းဆိုခဲ့တယ်။ တပည့်ဖြစ်သူက ဆရာစကား တစ်သွေမတိမ်း လိုက်နာ ပါ့မယ်၊ဆရာပြောပါ- ဘာလုပ်ရမလဲလို့ ပြောလိုက်တဲ့ အခါ- school fee က လူပေါင်းတစ်ထောင်ရဲ့  ညာဘက်လက်ညိုးတစ်ထောင်ကို ငါ့ကို ပေးရမယ်။ဆရာရဲ့ အကြံပတ်စက်ပုံက သူကိုယ်တိုင်မသတ်ဘဲ သူ သတ်တဲ့ အထဲမှာ အားကောင်းတဲ့သူက သူ့ ကို သတ်လိမ့်မယ်ပေါ့။ အဲဒီကတည်းက ကြမ်းလိုက် ရမ်းလိုက် တာ ရွာကလူတွေတောင် ရွာမှာ မကပ်ရဲကြ။ သူကလည်းဖျက်ပြီးသားလက်ညိုးတွေကို မပျောက်ပျက်အောင် လည်မှာ ဆွဲထား တယ်၊ လူတွေက အဲဒီအခါကျမှ အင်္ဂုလိမာလ- (လက်ညိုးများကို ပန်းပမာဆွဲထားသူ) နာမည်ပေးခဲ့ကြတယ်။ခေါ်ကြတယ်။
လက်ညိုးပေါင်း တစ်ထောင်ပြည့်တော့မယ်။ တစ်ချောင်းသာလိုတော့တယ်၊ အဲဒီချိန်မှာ ရှင်ဘုရင်က
တိုင်းပြည်စည်တီး အားကောင်းမောင်းသန်များ လာခဲ့ကြပါ-ဆိုနေတာကို လှည့်လည်ပြောသံကို မိခင်ကြား ရှာရဲ့ ။ မိခင်က ခင်ပွန်းဖြစ်သူကို သားဖြစ်သူကို ကယ်တင်ဖို့ ၊ဒါမျိုးတွေ မလုပ်ဖို သွားပြောပေး ရန်တောင်း ဆိုခဲ့တယ်။ ဘုရင်လုပ်စရာရှိတာသူ့ စိတ်ကြိုက်လုပ်ပစေ၊ သူ့ ထိုက်နဲ့ သူ့ ကံ-တဲ့။ ရက်စက်လိုက်တာ၊မွေးတဲ့နေ့ ကလည်း ဖခင်မဆန်ပြောခဲ့သေးတယ်…….။မိခင်ခမျာ လမ်းစားဖို့ သောက်ဖို့ ပြင်ဆင်ကာ သားကို နားလည်အောင် ဖျောင်းဖျောင်းဖျဖျ ပြောပြီးခေါ်ခဲ့မယ်..ဆိုတဲ့ အကြံနဲ့  တောခရီးကို နှင်ခဲ့တယ်။ ဆရာ့စကားနားထောင်တဲ့ အင်္ဂုလိမာလ။ အမေကိုတောင် လိုအပ်ရင် ရှောင်မှာ မဟုတ်ခဲ့ပါဘူး။
(အမေကတော့ တစ်ကြော်ကြော် မေတ္တာသံစဉ်နဲ့ သားရေ.. လူလေး ..အင်္ဂုလိမာလ…လို့ ခေါ်နေလောက်ရဲ့ ။) လူတွေလူတွေမောဟဖုံးသွားပြီ ဆိုရင် ကိုယ်လုပ်တာမှန်သမျှ အကောင်းထင်တယ်။လုပ်မိလုပ်ရာ
စွတ်လုပ်တတ်တယ်။ ဇွတ်ဆိုမှဇွတ၊် ဖြစ်ချင်ရာဖြစ်၊ နောက်မှ ဖြစ်လာတဲ့ ပြဿမှာ နောက်မှရှင်းမယ်
ဆိုတဲ့စိတ်တွေ။ကြောက်စရာ တကယ်ကောင်းတယ်။ ပစ္ဆိမဘ၀ိက နောက်ဆုံးရဟန္တာဖြစ်မည့်သူကိုတောင်
မှောင်သွားနိုင်တဲ့ အစွမ်းရှိတယ်။ဘ၀တိုင်းဘ၀တိုင်း လိုက်ပြီး နှောက်ယှက်ဒုက္ခပေးနေတာလည်း ဒီ မောဟပဲ။
ဘုရားရှင်က သူလွဲချော်သွားမယ့်မဂ်ဖိုလ် နဲ့ မိခင်ကို တကယ်လို့  ပစ်မှားသွားမိခဲ့ရင် ကျရောက်သွားမည့်
အပြစ်တွေကို သိတော်မူတာကြောင့် ဆွမ်းခံ အပြန် အဂုင်္လိမာလ ထံ အရောက်လှမ်းကြွတော်မူခဲ့တယ်။ စိတ်ကောင်းလေးက သူ့ ကိုကယ်သွားတာပါပဲ။ သိုသော့် ..စိတ်ကောင်း စိတ်ကောင်း…အသိဥာဏ်မရှိတဲ့ စိတ်ကောင်းဟာ နဖူး ခြင်ကိုက်နေတဲ့ ဖခင်ကို တူနဲ့ ထုပီး ခြင်သတ်သလို ဖြစ်တာလည်း ရှိတတ်တယ်။အသိလိုပါတယ်။ ခုလည်းတော်သေးရဲ့ ၊ ဘုရားရှင်မရောက်မီ အဂုင်္လိမာလ အမေကို အမေမထင်တော့၊လက်ညိုးဖျက်ရမယ့်သူလို့ သာထင်တော့တယ်။ထင်ခဲ့တဲ့အတိုင်းမိခင်ထံ တစ်ဟုန် ထိုးလိုက်ပါတော့တယ်။ဘုရားရှင်က မိခင်နဲ့ သား ကြားဝင်ပြီး နေတော် မူလိုက်ပါတယ်။ပြီးတော့ ပုံမှန်ပဲမြတ်စွာဘုရားရှင်က ပုံမှန်ကြွလှမ်းတော်မူပါတယ်။အဂုင်္လိမာလ နောက်က ပြေးလိုက်သော်လည်း သစ်ငုတ်ပမာ ရပ်တန့် နေတယ်။လိုက်လို့ ကိုမရပါ။ အဲဒီအချိန်မှာ- ဟေ့ ရဟန်း..ရပ် ရပ်…(ကြမ်းတမ်းသည့်အချိန်မို့  ဒီလိုပဲပြောပါလိမ့်မယ်-ဟုထင်ပါတယ်) ။ဘုရားရှင်က ငါက ရပ်ပြီးပြီ။ သင်ဘဲ ရပ်တော့…တဲ့။
.
အဲဒီခေတ်လူတွေက မြတ်စွာဘုရားကို ထဲထဲဝင်ဝင် မယုံကြည်မသက်ဝင်သေးသူတွေက (သမဏ) ရဟန်း လို့ဘဲသိထားကြတယ်။
အသိဓာတ်ခံရှိတဲ့ အဂုင်္လိမာလ အဖို့  ဘုရားရှင် စကားများဟာ သိပ်ဆန်းကျယ်နေတယ်။(သူ့ အတွက့် ဟက်ထိတယ်)၊စိတ်နှလုံးဒါရိုက်ရောက်သွားတယ်ပေါ့၊၊ပြီးတော့ သူက ရဟန်းတွေအပေါ်သိမြင်ထားတဲ့ ခံယူချက်ကလည်း သစ္စ၀ါဒိနော) အမှန်ပြောတတ်ကြတယ်တဲ့။ ဒီစကားမှန်ကိုမှန်ရမယ်။ ဒီစကားကို ကိုယ်တိုင်စဉ်းစားတယ်။အဖြေမထွက်ဘူး။ သိစရာကို သိအောင်လုပ်မှ၊ သိသယောင်နေတာဟာလည်း သိပ်ရုပ်ပျက်တာ။ကိုယ့်အတွက်နစ်နာတယ်။ တကယ်မသိဘဲ မမေးမြန်းတာနဲ့၊ မေးရမှာရှက်တာ ဘာမှ မကောင်းဘူး၊ အဂုင်္လိမာလ မေးရမှာ မရှက်ခဲ့ဘူး၊သိသယောင်မဆောင်ခဲ့ဘူး။ဒီတိုင်းမနေပဲ ဘုရားရှင်ကို မေးခဲ့တယ်- ခုနပြောခဲ့တဲ့ - အရှင်ကသွားနေပြီး ရပ်နေတယ်၊တပည့်တော်ရပ်နေတာကို သွားနေတယ်- ဆို တကယ့်ကိုမရှင်းတာပါ-တဲ့။
အင်္ဂုလိမာလ ငါက သတ္တ၀ါတွေအပေါ် အမြဲတမ်းသနားတယ်၊ကြင်နာတယ်၊မညှဉ်းဆဲတတ်ဘူး၊ဒုတ်မကိုင်၊
သေနတ်မကိုင်၊မကောင်းမှုလုပ်ရမှာရှက်တယ်။အဲဒါအားလုံးကို ရပ်စဲထားလို ပကတိခြေထောက်သွားနေပေ မယ့် မကောင်းမှုတွေ ရပ်တော်မူတာလို့ ငါပြောတာ။အင်္ဂုလိမာလ သင်ဟာ ငါမလုပ်တာမှန်သမျှ မရပ်မစဲ
ဆက်လက်လုပ်နေတာမို့  သင်ဟာပကတိခြေထောက်က ရပ်နေပေမယ့် သင်ဟာ မကောင်းမှုတွေကသွားနေ တာပါ။
ဒီလောက်လေး ပြောဟောလိုက်တာနဲ့  သူတကယ့်ကို သဘောပေါက်သွားတယ်၊ငါ့ကို လာပြီး ချီးမြောက် တရားဟောဖို့ ကြွတော်မူလာတာပါ့လား၊ခုချက်ချင်းစွန့် ပါမယ်ဆိုပြီး လျှောက်ထားလိုက်တယ်။အဲဒီနောက် မြတ်စွာဘုရားထံရဟန်းပြုခွင့်တောင်းပြီး ဧဟိဘိက္ခု ရဟန်းဖြစ်လာတယ်။( မြတ်စွာဘုရားရှင်က ရဟန်း လာလော့ ဟုဆိုလိုက်ရုံမျှဝါတော်၆၀ရ မထေရ်ကြီးပမာ သင်္ကန်းပရိက္ခ္ခ္ခ္ခ္ခ္ခရာစုံလင်စွာနဲ့  ရှေးကောင်းမှုရှိ သူများဖြစ်နိုင်ပါတယ်လို့ ကျန်းဂန်များကဆိုပါတယ်)
.
နောက်ဆက်ပါဦးမည်။
အရှင်တေဇောဘာသ
သုဒ္ဓံ အတ္တာနံ ပရိဟရ န္တု
